THIS CONTENT HAS BEEN ARCHIVED

ဆိုင်ဘာရာဇဝတ်မှုများကို တိုက်ဖျက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အီးယူကျွမ်းကျင်ပညာရှင်များမှ လေ့ကျင့် သင်ကြား

28.03.2018
Teaser

အီးယူ MYPOL အစီအစဉ်မှ မြန်မာ့ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးကိုပံ့ပိုးကာ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် များအား မြှင့်တင်ပေးလျက်ရှိ

Main Image
Text

ကွန်ပျူတာအချက်အလက်များ အားနှောင့်ယှက်တိုက်ခိုက်ခြင်း၊ အချက်အလက်များပေါက်ကြားခြင်း၊ အွန် လိုင်းလိမ်လည်မှု၊ အမျိုးအမည်ခိုးယူမှု၊ လူမျိုးရေးမုန်းတီးစေရန်လှုံ့ဆော်ခြင်း (သို့) အကြမ်းဖက်တိုက်ခိုက် မှုစသည့် အွန်လိုင်းပေါ်တွင် ကျူးလွန်သည့် ဆိုင်ဘာပြစ်မှုများမှာကမ္ဘာတစ်ဝှမ်းမြင့်တက်လျက် ရှိပါသည်။ ၎င်းဆိုင်ဘာပြစ်မှုများမှာ အသုံးပြုသူသာမက၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် အစိုးရများကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာစေပါသည်။ ကွန်ယက်ပေါ်ရှိ ရာဇဝတ်လုပ်ငန်းများမှာ နိုင်ငံနယ်ခြားမရှိကျူးလွန်သည့်အတွက် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများအနေဖြင့် ၎င်းဆိုင်ဘာပြစ်မှုများကို ထိထိရောက် ရောက်တိုက်ဖျက် ရာ၌နယ်ခြားဖြတ်ကျော်၍ကမ္ဘာတစ်ဝှမ်း ပူးပေါင်းဆောင်ရွက်မှုမှာ အဓိကကျလျက်ရှိပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးနှင့် ရဲတပ်ဖွဲ့ဝင်များအားစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းကို ပံ့ပိုးပေး လျက်ရှိသည့် MYPOL စီမံကိန်းမှာ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဆိုင်ဘာကွန်ယက်လုံခြုံရေးဆိုင်ရာနောက်ဆုံး ပေါ် ခြိမ်းခြောက်မှုများအကြောင်းစတင်သိရှိနိုင်စေဖို့ လက်ရှိအချိန်တွင် ဆိုင်ဘာလုံခြုံရေးသင်တန်းဖြင့် လေ့ ကျင့်သင်ကြားပေးလျက်ရှိပါသည်။ ၎င်း MYPOL သင်တန်းမှာ ပါဝင်တက်ရောက်သူများအနေဖြင့် အခြေခံ ခြိမ်းခြောက်မှုများ ဖော်ထုတ်ကာ၊ အခြေခံ ဆိုင်ဘာခြိမ်းခြောက်မှုနှင့် စပ်လျဉ်း၍စီမံခန့်ခွဲမှုအပေါ် လေ့လာ ခြင်းဖြင့် အမှောင်ကွန်ယက်အကြောင်း ပိုမိုနားလည်သဘောပေါက်လာစေမည်ဖြစ်သည်။

MYPOL အကြောင်း

ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းသို့ မြန်မာနိုင်ငံအနေဖြင့် အသွင်ကူးပြောင်းရာတွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲ ရေးမှာ လွန်စွာအရေးပါသည့်ခြေလှမ်းတစ်ရပ်ဖြစ်သည်။ MYPOL စီမံကိန်းမှာ ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုး ကာ၊ နိုင်ငံတကာအကောင်းဆုံးအလေ့အထများနှင့် လူ့အခွင့်အရေးလေးစားလိုက်နာမှုပေါ် အခြေခံ၍ ပြည်သူလူထုအပေါ်ကာကွယ်စောင့်ရှောက်ခြင်းရှိသည့် မြန်ဆန်ထိရောက်မှုကာ တာဝန်ခံမှုရှိသည့်ရဲတပ်ဖွဲ့ ဝန်ဆောင်မှုမျိုးဖြစ်ပေါ်လာစေရန်ပံ့ပိုးပေးထားသည့် ၅ နှစ်တာစီမံကိန်းတစ်ခုဖြစ်ပါသည်။ ရပ်ရွာအခြေပြုရဲ လုပ်ငန်းနှင့် ရာဇဝတ်မှုစုံစမ်းစစ်ဆေးခြင်းတို့တွင် ရဲတပ်ဖွဲ့ဝင်များအား သင်တန်းများပိုမိုပေးခြင်းဖြင့် မတူညီ သော လူ့အသိုင်းအဝိုင်းများအကြား ယုံကြည်မှုတည်ဆောက်ပေးခြင်းမှာ ဤစီမံကိန်းတွင်အဓိကပါဝင်နေ သည့်အချက်များဖြစ်သည်။

MYPOL စီမံကိန်းအား ယူရိုငွေ သန်း ၃၀ (မြန်မာကျပ်ငွေ ၄၉.၆ဘီလီယံ)ဖြင့် ၂၀၁၆ခုနှစ်ဒီဇင်ဘာလတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ၎င်းစီမံကိန်းမှာ မြန်မာ့ရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လွှတ် တော်၊ ရှေ့နေချုပ်ရုံး၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာစသည်တို့နှင့် နီးကပ်စွာပူးပေါင်းကာ အကောင် အထည်ဖော်လျက်ရှိသည်။ MYPOL စီမံကိန်းမှ အဆုံးတွင်အကျိုးခံစားရမည့်သူများမျာ တုန့်ပြန်မှုပိုမိုပေး၍ လေးစားဖွယ်ကောင်းကာ လုပ်ငန်းပိုမိုကျွမ်းကျင်မှုရှိသည့်ရဲဝန်ဆောင်မှုမှ အကျိုးခံစားရမည့် မြန်မာ့ပြည်သူ လူထုပင်ဖြစ်သည်။ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအောင်မြင်ဖို့ အချိန်ယူရမည်ဖြစ်ပြီး နေ့ချင်းညချင်း အောင် မြင်မှုမရနိုင်ပါ။ မြန်မာနိုင်ငံအတွက် အင်အားအသုံးပြုသည့်ရဲအင်အားဆိုသည်ထက် ပြည်သူလူထုအတွက် ဝန်ဆောင်မှုပေးသည့်ရဲပုံစံမျိုး တည်ဆောက်ပေးနိုင်ဖို့ MYPOL စီမံကိန်းမှ မြန်မာအစိုးရအား တစ်ဆင့်ချင်း ပံ့ပိုးကူညီပေးသွားရန်ရည်ရွယ်ထားသည်။