European Union External Action

EEAS RSS Feeds

Displaying 11 - 20 of 27

လားဟူဒီမိုကရက်တစ် အစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရတို့ အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးခြင်းအပေါ် ပြောရေးဆိုခွင့်ရှိသူ၏ ကြေငြာ

Languages:

လက်တလော ရန်ကုန်တွင် ရိုက်တာသတင်းဌာနအတကွ် လုပ်ကိုင်ဆောင်ရွက်နေသော သတင်းထောက်နှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရမှုသည် များစွာ စိုးရိမ်ကြောင့်ကြဖယွ် ဖြစ်ပါသည်။

Languages:

ဥရောပ၌ နာကျင်ဖွယ်ရာကောင်းသော သွေးကွဲမှုများနှင့် ဥရောပနိုင်ငံများစွာတို့တွင် ကျူးကျော်သိမ်းပိုက်မှုများ၊ ပျက်စီးထိခိုက်မှုများစွာဖြစ်ပေါ်စေခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် ၁၉၄၈ ခုနှစ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လူ့အခွင့်အရေးများကို ဖော်ထုတ်သတ်မှတ်ကာ မြှင့်တင် ကာကွယ်စောင့် ရှောက်သွားဖို့ သံန္နိဌာန်ပြုခဲ့ကြပါသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ဆိုလျှင် ကျွန်ပ်တို့ကျင်းပကြသည့်အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေး ကြေညာစာတမ်းမှာ ဘုံတူညီမှုရှိသော ဤလူ့အခွင့်အရေးဆိုင်ရာ မူများကို မြှုပ်နှံထားခဲ့ပြီး ၎င်းတို့မှာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာလွှမ်းမိုးမှုရှိခဲ့ပါသည်။ သို့သော် နှစ်ပေါင်းခုနှစ်ဆယ်နီးပါး ကုန်ဆုံးခဲ့ပြီဖြစ် သော်လည်း ကမ္ဘာတစ်ဝှမ်းတွင် လူ့အခွင့်အရေးများကို ကာကွယ်စောင့် ရှောက်သွားမည်ဆိုသည့် အထက်ပါ ကတိကဝတ်များကို ယနေ့အချိန်ထိ ပြည့်ဝစွာလိုက်နာဖို့ ကျွန်ပ်တို့ဝေးကွာနေဆဲပင်ဖြစ်ပြီး ထိုသို့လိုက်နာနိုင်ဖို့ နိုင်ငံအားလုံးတို့အနေဖြင့် ထပ်မံကြိုးစားကြရမည်ဖြစ်ကြောင်း ကျွန်ပ်တို့အနေဖြင့် အသိအမှတ်ပြုလိုက်ပါသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ အစိုးရများကြား နိုင်ငံရင်းသို့ပြန်လည်ခေါ်ယူရေး နှစ်ဖက်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲနှင့် စပ်လျဉ်း၍ အီးယူအဆင့်မြင့်ကိုယ်စားလှယ် ဖဒယ်ရီကာ မိုဂါရီနီ၏ကြေညာချက်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအား ဥရောပသမဂ္ဂအနေဖြင့် ခိုင်မြဲစွာ ဆက်လက် ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ပါသည်။

Languages:

နိဝင်ဘာလ ၂၀-၂၁၊ တနင်္လာနှင့် အင်္ဂါနေ့များ၌ နိင်ငံခြားရေးနှင့်လုံခြုံရေးရာမူဝါဒဆိုင်ရာ အီးယူအဆင့်မြင့်ကိုယ် စားလှယ်/ဥရောပကော်မရှင်၏ ဒုတိယဥက္ကဌဖြစ်သူ Federica Mogherini မှမြန်မာနိင်ငံ နေပြည်တော်၌ကျင်းပ သည့် ၁၃ကြိမ်မြောက် အာရှ-ဥရောပနိင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (ASEM)၌ ဥရောပသံကိုယ်စား လှယ်အဖွဲ့အားဦးဆောင်၍ ပါဝင်တက်ရောက်မည်ဖြစ်သည်။

Languages:

သတင်းသမားတို့အပေါ်ကျူးလွန်သော ပြစ်မှုများအတွက် အပြစ်ပေးမခံရဘဲကင်းလွတ်နေမှုကို အဆုံးသတ်စေ ရေးအပြည်ပြည်ဆိုင်ရာနေ့တွင် မိမိတို့အပေါ်ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုနှင့် သေဆုံးနိင်သည့်အန္တရာယ်ကိုပင် ရင်ဆိုင်ကာ သြဇာအာဏာအလွဲသုံးစားမှုများအား ဖော်ထုတ်ခြင်း၊ အဂတိလိုက်စားမှုနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများအား မီးမောင်းထိုးပြသကာ အများလက်ခံထားသည့်ထင်မြင်ချက်များကိုပင် ပြန်လည်မေးခွန်းထုတ် တတ်ကြသည့် သတင်းထောက်များ၏လုပ်ရပ်အား ဥရောပသမဂ္ဂ အနေဖြင့် ချီးကျူးဂုဏ်ပြုလိုက်ရပါသည်။ လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဆိုသည်မှာ အများပါဝင်မှုရှိပြီး မတူကွဲပြားသော်လည်း ယှဉ်တွဲ နေထိုင်နိင်သည့် ဒီမိုကရေစီစနစ်တစ်ရပ်၏ အခြေခံအုတ်မြစ်ဖြစ်သလို၊ မိမိတို့လုပ်ရပ်များအတွက် အစိုးရများ အားတာဝန်ခံခိုင်းသည့် ကိရိယာတစ်ခုပင်ဖြစ်ပါသည်။

နိင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနား၌ အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဒုတိယ ဥက္ကဌဖြစ်သူ ဖယ်ဒယ်ရီကာမိုဂါရီနီ၏ ထုတ်ပြန်ကြေညာချက်

Pages