European Union External Action

EEAS RSS Feeds

Displaying 1 - 10 of 27

ပထမအကြိမ် ဥရောပသမဂ္ဂ- မြန်မာ အကြီးတန်းအရာရှိကြီးများ၏ အစည်းအဝေးကို မေလ၊ (၁၆) ရက် နေ့၊ ၂၀၁၉ခုနှစ်၌ ဘရပ်ဆဲ(လ်)မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

Languages:

ဥရောပကော်မရှင် (European Commission) နှင့် European External Action Service (EEAS) တို့မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဥရောပသမဂ္ဂ၏ လက်နက်ခဲယမ်း မီးကျောက်များမှအပ အရာအားလုံး ကုန်သွယ်မှု ဦးစားပေးအစီအစဉ်များ (EBA) အရ ပိုမိုကျယ်ပြန့်သော ညှိနှိုင်းစေ့စပ်မှုဧ် တစိတ်တဒေသအနေဖြင့် ယခုရက်သတ္တပတ် (၁၈ - ၂၂ ဖေဖော်ဝါရီ ၂၀၁၉) တွင် မြန်မာနိုင်ငံသို့ ထပ်မံ လာရောက်ခဲ့ပါသည် ။

Languages:

European Commission နှင့် European External Action Service မှစောင့်ကြည့်လေ့လာရေးမစ်ရှင်အဖွဲ့၏ ကျွမ်းကျင်ပညာရှင်များသည်မြန်မာနိုင်ငံသို့အောက်တိုဘာလ၂၈ရက်မှ၃၁ရက်နေ့အထိလာရောက်လည်ပတ်ခဲ့ပါသည်။အဆိုပါခရီးစဉ်သည်ကုလသမဂ္ဂအစီရင်ခံစာများတွင်အထူးဖေါ်ပြထားသည့်နက်ရှိုင်းစွာတိုးတက်ဖြစ်ထွန်းနေသည့်စိုးရိမ်စရာအခြေအနေများ၏နောက်ဆက်တွဲပင်ဖြစ်ပါသည်။အထူးသဖြင့်ရှမ်းပြည်နယ်၊ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်များတွင်အလုပ်သမားအခွင့်အရေးများနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ ဖြစ်သည်။

Languages:

ရိုက်တာသတင်းထောက်များ ဖြစ်ကြသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးအပေါ် စီရင်ချက်နှင့် စပ်လျဉ်း၍ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ကြေငြာချက်

ယနေ့ တရားရုံးမှ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သော ဝလုံးနှင့်ကျော်စိုးဦးတို့အား ၁၉၂၃ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုရန်ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာနိုင်ငံတွင် အခြေခံလွှတ်လပ်ခွင့် ၊ လွတ်လပ်သည့် မီဒီယာနှင့် အများပြည်သူသတင်းရပိုင်ခွင့်တို့အတွက် အင်မတန်စိုး ရိမ်ပူပန်ဖွယ်ရာဖြစ်ခဲ့ရပါသည်။

ဇွန်လ (၂၅)ရက်နေ့တွင် မြန်မာနိုင်ငံတွင်း အခြေအနေများနှင့် စပ်လျဉ်းပြီး ကောင်စီမှ လူပုဂ္ဂိုလ် ၇ဦးတို့အပေါ် ကန့်သတ်အရေးယူချက်များကို ချမှတ်လိုက်ပါသည် ။ အရေးယူပိတ်ဆို့မှုများထဲတွင် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်းနှင့် ခရီးသွားလာခွင့် ကန့်သတ်ချက်များ ပါဝင်ပါသည် ။

Languages:

ဧပြီလ ၂၆ ရက်နေ့၌ အီးယူ၏လက်နက်ကုန်သွယ်မှုပိတ်ပင်ချက်များကိုပိုမိုအားဖြည့်သည့်အနေဖြင့် မြန်မာ/ဗမာ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တာဝန်ရှိပုဂ္ဂိုလ်များအား ပစ်မှတ်ထား၍ မြန်မာ/ဗမာနိုင်ငံအပေါ် ကောင်စီမှကန့် သတ်ပိတ်ပင်မှုများ ထပ်မံချမှတ်ခဲ့ပါသည်။

Languages:

အမျိုးသားများနှင့် အမျိုးသမီးများကြားတန်းတူညီမျှမှုမှာ ဥရောပသမဂ္ဂ၏သဘောတူညီချက်များတွင် ထည့်သွင်း မြှုပ်နှံထားသည့် အခြေခံတန်ဖိုးများထဲမှတစ်ခုဖြစ်ပါသည်။ ကျွန်ပ်တို့၏သမဂ္ဂမှာ ကျား/မအခြေပြုခွဲခြားဆက်ဆံ မှုများကိုဖြေရှင်းကိုင်တွယ်ရာတွင် ရှေ့ဆောင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ရရှိအောင်မြင်လိုက်သည့်တိုးတက်မှုအတွက် ကျွန်ပ်တို့ ဂုဏ်ယူမိပါသည်။ဥရောပသည် ကမ္ဘာပေါ်ရှိအမျိုးသမီးများအတွက် လုံခြုံမှုအရှိဆုံးနှင့် သာတူညီမျှမှု အဖြစ်ဆုံးနေရာတစ်ခုဖြစ်ပါသည်။

ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ဥရောပ သမဂ္ဂ၏ နိုင်ငံခြားရေးရာ ကောင်စီမှ လွန်စွာပင် စိုးရိမ်ဖွယ်ရာ ကောင်းဆဲဖြစ်သော မြန်မာနိုင်ငံတွင်း အခြေ အနေ ၊ အထူးသဖြင့် ရခိုင်ဒေသတွင်း အခြေအနေတို့နှင့် စပ်လျဉ်း၍ သုံးသပ်ချက်များ ချမှတ်ခဲ့သည်။

Languages:

Pages