European Union External Action

မြန်မာနိုင်ငံ၏ တတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံဖွင့်လှစ်လိုက် ခြင်းအပေါ် အီးယူပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ကြေညာချက်

ဘရပ်ဆဲလ်၊ ၂၀၁၈ခုနှစ် ဇူလိုင် ၁၀ , 10/07/2018 - 19:34, UNIQUE ID: 180710_10
Statements by the Spokesperson

ငြိမ်းချမ်းရေးတည်ဆောက်၍ ထိန်းသိမ်းခြင်းသည် ကြာရှည်ဆောင်ရွက်ကာ စိန်ခေါ်မှုများသည့် လုပ်ငန်းစဉ် ဖြစ်ပြီး စိတ်ရှည်ခြင်း၊ အားပေးပံ့ပိုးမှုနှင့် ပြတ်သားခိုင်မာမှု စသည်တို့ရှိဖို့လိုအပ်ပါသည်။ ၂၀၁၅ခုနှစ် အောက်တိုဘာလအတွင်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် ချုပ်ဆိုခဲ့သည့်အချိန်မှစ၍ ကဏ္ဍစုံသက် ဆိုင်သူအားလုံးတို့အနေဖြင့် ၎င်းလုပ်ငန်းစဉ်အတွက် နှစ်စဉ် ပြိုင်တူစုဝေးကာ တွန်းအားသစ်တစ်ရပ်ဖန်တီးနိုင်ဖို့ အဖိုးတန်အခိုက်အတန့်တစ်ခုကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမှ ဖန်တီးပေးလျက်ရှိပါသည်။

စိန်ခေါ်မှုများဆက်လက်ကျန်ရှိနေပါသေးသည်။ တိုင်းရင်းသားများရှိရာပြည်နယ်များတွင် တိုက်ခိုက်မှု များဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လူ့ဆင်းရဲဒုက္ခများဖြစ်ပေါ်လျက်ရှိပါသည်။ တိုက်ပွဲများဖြစ်ပွား နေမှုကိုရပ်တန့်ရမည်ဖြစ်ပြီး တိုက်ပွဲဒဏ်ခံစားနေရသည့်အရပ်သားများအတွက် လူသားချင်းစာနာမှု အကူအညီများ နှောင့်နှေးခြင်းမရှိခွင့်ပြုပေးရမည်ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းမှရရှိခဲ့သည်အတွေ့အကြုံများအရ ငြိမ်းချမ်းပြီးညှိုနှိုင်းအဖြေရှာခြင်းသည်သာ အဓွန့်ရှည် ကြာဆုံးဖြေရှင်းချက်များဖြစ်ပြီး ထိုသို့ဖြေရှင်းမှသာ စစ်မှန်သည့်တည်ငြိမ်မှု၊ လုံခြုံမှုနှင့် စီးပွားရေးအရ ကြွယ်ဝချမ်းသာမှုများကိုရရှိနိုင်မည်ဖြစ်ပြီး အဆုံးတွင် ပိုကောင်းမွန်သည့်လူ့ဘဝများကို ရရှိနိုင်မည် ဖြစ်ပါသည်။ ယခုညီလာခံကို တတိယအကြိမ်မြောက်ကျင်းပလိုက်ခြင်းဖြင့် မြန်မာအတွက် စစ်မက်ဖြစ် ပွားနေခြင်းထက် ဆွေးနွေးညှိုနှိုင်းဖို့၊ ခွဲခြားဆက်ဆံခြင်းထက် ထည့်သွင်းပါဝင်စေဖို့ ရွေးချယ်လုပ် ဆောင်ခွင့်ရရှိမည်ဖြစ်ပါသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ချုပ် ဆိုရာတွင် တရားဝင် အသိသက်သေဖြစ်သည့် ဥရောပသမဂ္ဂအနေဖြင့် ကဏ္ဍစုံပါဝင်ပတ်သက်နေသူ အားလုံးတို့ နှင့် အတူ ကျန်ရှိနေသေးသည့်စိန်ခေါ်မှုများကို ဆက်လက်၍ အတူတူကျော်ဖြတ်ကာ မြန်မာပြည် သူလူထုနှင့် လာမည့်အနာဂတ်မျိုးဆက်တို့အတွက် ငြိမ်းချမ်းပြီး ဒီမိုကရေစီစနစ် ထွန်းကားသော အနာဂတ်ကို ၎င်းတို့နှင့်အတူ ပုံဖော်ထုဆစ်သွားမည်ဖြစ်ပါသည်။

Languages:
Editorial Sections: