European Union External Action

မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုနှင့် ရင်ကြားစေ့ရေးတို့ကို ဥရောပသမဂ္ဂမှ ဆက်လက်အကူအညီပေးသွားမည်ဟု Mogherini ကတိပြု

02/05/2017 - 20:41
News stories

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် ရင်ကြားးစေ့ရေးလမ်းစဉ်တို့ကို ဆက်လက်ကူညီသွားရန်ဆုံးဖြတ်ထားသည်ဟု အထူးကိုယ်စားလှယ်တော် Federica Mogherini က ယနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီးနောက်ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် ရင်ကြားးစေ့ရေးလမ်းစဉ်တို့ကို ဆက်လက်ကူညီသွားရန်ဆုံးဖြတ်ထားသည်ဟု အထူးကိုယ်စားလှယ်တော် Federica Mogherini က ယနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပြီးနောက်ပြောကြားခဲ့သည်။

“ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်တိုင်းအတွက်အချိန်ပေးရပါတယ်။ ကာယ ဥာဏစွမ်းအား၊ ဇွဲလုံ့လနဲ့ လွန်ခဲ့လပေါင်းများစွာအပြင် နှစ်ပေါင်းများစွာ အခက်အခဲတွေကြားကနေ အံ့သြချီးကျူးဖို့ကောင်းတဲ့ အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးခေါင်းဆောင်မှုမျိုးတွေလိုအပ်ပါတယ်။” ဟု Mogherini ကဆိုလေသည်။ “ဒါကိုဥရောပသမဂ္ဂကထောက်ပံ့အားပေးတာဖြစ်ပြီး ဆက်လက်ပြီးလည်း အခွင့်သာတိုင်းတတ်စွမ်းသမျှ နိုင်ငံရေးအရကော စီးပွားရေးအရပါအားပေးသွားမှာပါ။”

ဆက်လက်ပြီး၎င်းတို့သည် လူသားချင်းစာနာထောက်ထားမှုအကူအညီမဟာမင်းကြီး Christos Stylianides နှင့်အတူ မြန်မာနိုင်ငံအတွင်း ဥရောပသမဂ္ဂမှ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးနေမှုများအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။ “ကျွန်မတို့တွေနိုင်ငံရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။ အခြေခံဥပဒေအပြောင်းအလဲပေါ်အမြင်တွေလည်းဖလှယ်ခဲ့ကြပါတယ်။ ကျွန်မတို့စိုးရိမ်ပူပန်နေရပြီး လူမျိုးစုတိုင်းကို အဓိကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေတဲ့ ရခိုင်ပြည်နယ်ကအခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။”

လာမည့်နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် သဘာပတိအဖြစ်လက်ခံကျင်းပမည့် EU-ASEAN Ministerial meeting နှင့်ပတ်သက်ပြီးလည်းဆွေးနွေးခဲ့ကြသည်။

“ခေတ်သစ်တိုင်းတွင်စိန်ခေါ်မှုတွေရှိပါတယ်။ အခက်အခဲတွေရှိတယ်၊ စိတ်ဝင်စားစရာကောင်းတာတွေလည်းရှိပါတယ်။ အဓိကကတော့အခက်အခဲတွေပေါ့။ ခက်ခဲတဲ့အရာတွေကိုဖြတ်ကျော်တဲ့အခါ မိတ်ဆွေအနေနဲ့အကူအညီပေးဖို့ ဥရောပသမဂ္ဂကရည်ရွယ်ထားပါတယ်။ တစ်ခါတစ်လေအဆင်မပြေမှုတွေရှိနိုင်ပေမယ့် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ နိုင်ငံတွင်းဒီမိုကရေစီအသွင်ပြောင်းလဲရေး၊ ရင်ကြားစေ့ရေးတို့တိုးတက်အောင်မြင်စေဖို့ လေးစားမှု၊ ဖော်ရွေမှု၊ အချင်းချင်းနားလည်ပေးမှု၊ အားပေးမှုတွေနဲ့ အခက်အခဲတွေကိုရင်ဆိုင်သွားကြမှာပါ။” ဟု Mogherini ကဆိုလေသည်။  

Languages:
Editorial Sections:

Author