Saba

EEAS RSS Feeds

Displaying 1 - 4 of 4

အမျိုးသားများနှင့် အမျိုးသမီးများကြားတန်းတူညီမျှမှုမှာ ဥရောပသမဂ္ဂ၏သဘောတူညီချက်များတွင် ထည့်သွင်း မြှုပ်နှံထားသည့် အခြေခံတန်ဖိုးများထဲမှတစ်ခုဖြစ်ပါသည်။ ကျွန်ပ်တို့၏သမဂ္ဂမှာ ကျား/မအခြေပြုခွဲခြားဆက်ဆံ မှုများကိုဖြေရှင်းကိုင်တွယ်ရာတွင် ရှေ့ဆောင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ရရှိအောင်မြင်လိုက်သည့်တိုးတက်မှုအတွက် ကျွန်ပ်တို့ ဂုဏ်ယူမိပါသည်။ဥရောပသည် ကမ္ဘာပေါ်ရှိအမျိုးသမီးများအတွက် လုံခြုံမှုအရှိဆုံးနှင့် သာတူညီမျှမှု အဖြစ်ဆုံးနေရာတစ်ခုဖြစ်ပါသည်။

သတင်းသမားတို့အပေါ်ကျူးလွန်သော ပြစ်မှုများအတွက် အပြစ်ပေးမခံရဘဲကင်းလွတ်နေမှုကို အဆုံးသတ်စေ ရေးအပြည်ပြည်ဆိုင်ရာနေ့တွင် မိမိတို့အပေါ်ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုနှင့် သေဆုံးနိင်သည့်အန္တရာယ်ကိုပင် ရင်ဆိုင်ကာ သြဇာအာဏာအလွဲသုံးစားမှုများအား ဖော်ထုတ်ခြင်း၊ အဂတိလိုက်စားမှုနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများအား မီးမောင်းထိုးပြသကာ အများလက်ခံထားသည့်ထင်မြင်ချက်များကိုပင် ပြန်လည်မေးခွန်းထုတ် တတ်ကြသည့် သတင်းထောက်များ၏လုပ်ရပ်အား ဥရောပသမဂ္ဂ အနေဖြင့် ချီးကျူးဂုဏ်ပြုလိုက်ရပါသည်။ လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဆိုသည်မှာ အများပါဝင်မှုရှိပြီး မတူကွဲပြားသော်လည်း ယှဉ်တွဲ နေထိုင်နိင်သည့် ဒီမိုကရေစီစနစ်တစ်ရပ်၏ အခြေခံအုတ်မြစ်ဖြစ်သလို၊ မိမိတို့လုပ်ရပ်များအတွက် အစိုးရများ အားတာဝန်ခံခိုင်းသည့် ကိရိယာတစ်ခုပင်ဖြစ်ပါသည်။

ဥရောပသမဂ္ဂသည် ၎င်းဖွဲ့စည်းတည်ထောင်သည့်အချိန်ကအတိုင်းပင် ယနေ့အချိန်ထိဥရောပနှင့် ကမ္ဘာတစ်ဝှမ်း ရှိအမျိုးသမီးများဘက်မှ ရပ်တည်လျက်ရှိပါသည်။

ဒီဇင်ဘာ ၁၀ရက်နေ့မှာ ဥရောပသမဂ္ဂနှင့်၎င်း၏ အဖွဲ့ဝင်နိင်ငံများဟာလူ့အခွင့်အရေးနေ့ကို ကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းသာတူညီမျှမရှိမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများဟာ စိန်ခေါ်မှုများကိုပိုမိုတိုးပွားလာစေပြီး ဆီးရီးယားကဲ့သို့ နိင်ငံများတွင်ပဋိပက္ခများဆက်လက်ဖြစ်ပွားနေမှုကြောင့် ကျွန်ပ်တို့ဟာလူသားအားလုံးရဲ့ အခွင့်အရေးများ ကိုကာကွယ်ဖို့ဒီထက်ပို၍ကြိုးပမ်းအားထုတ်ဖို့ လွန်စွာအရေးကြီးလာပြီဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ပ်တို့အနေနဲ့ ဒီနှစ်မှာတစ် စုံတစ်ဦးရဲ့ အခွင့်အရေးအတွက်ရပ်တည်ပေးဖို့ ကုလသမဂ္ဂနဲ့ အတူလူသားများကို တောင်းဆိုသွားမှာဖြစ်ပါတယ်။