Delegation of the European Union to Swaziland

၂၀၁၆ခုနှစ်အတွက် ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ

16/10/2017 - 15:12
Documents

၂၀၁၆ခုနှစ်အတွက် ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာအီးယူ၏ နှစ်ပတ်လည်အစီရင်ခံစာ အား ၂၀၁၇ခုနှစ် အောက်တိုဘာလ၁၆ရက်နေ့တွင် ဥရောပကောင်စီမှသဘောတူ လက်ခံခဲ့ပါသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများအတွက် နယ်ပယ်ကျဉ်းမြောင်းလာခြင်း၊ ရှုပ်ထွေးခက်ခဲလှသည့် လူသားချင်း စာနာမှုနှင့် နိင်ငံရေးရာအကြပ်ရိုက်မှုများ ပေါ်ထွက်လာခဲ့မှုတို့ကြောင့် ၂၀၁၆ခုနှစ်မှာ လူ့အခွင့်အရေးနှင့် ဒီမိုက ရေစီရေးတို့အတွက် စိန်ခေါ်မှုများသော နှစ်တစ်နှစ်ဖြစ်ခဲ့ပါသည်။ ဤသို့သော အခြေအနေကြောင့် ဥရောပ သမဂ္ဂအနေဖြင့် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီစနစ်တို့အား ကမ္ဘာတစ်လွှား မြှင့်တင်ကာကွယ်ရာတွင် ဦးစီး ဦးဆောင်ပြုကာ ဆက်လက်၍ခိုင်မြဲစွာနှစ်မြှုပ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဤအစီရင်ခံစာမှာ ၂၀၁၆ခုနှစ်အတွင်း တတိယနိင်ငံများအတွက် အီးယူ၏လူ့အခွင့်အရေးဆိုင်ရာ အားထုတ်ကြိုး ပမ်းချက်များအား ကျယ်ကျယ်ပြန့်ပြန့်ခြုံငုံဖော်ပြထားခြင်းဖြစ်ပြီး ၎င်းတွင်အပိုင်းနှစ်ပိုင်းပါဝင်သည်။ ပထမအပိုင်း မှာအကြောင်းအရာကိုလိုက်၍ ပဋိပက္ခနှင့်အရေးပေါ်အခြေအနေများအပေါ် လူ့အခွင့်အရေးအရ ချဉ်းကပ်ပုံနည်း လမ်း၊ လူ့အခွင့်အရေးဆိုင်ရာအဓိကစိန်ခေါ်မှုများနှင့် အီးယူ၏နိင်ငံခြားရေးရာမူဝါဒများတွင်ပါ ရှိသည့်လူ့အခွင့် အရေး ဆိုင်ရာကိစ္စရပ်များ စသည်တို့ကိုအထူးအလေးပေးဖော်ပြထားသည်။ ဒုတိယပိုင်းမှာ ပထ၀ီအနေအထား နှင့်သက်ဆိုင်ကာ၊ တတိယနိင်ငံများတွင် အီးယူ၏ဆောင်ရွက်ချက်များအား ဖော်ပြထားခြင်းဖြစ်ပြီး ကမ္ဘာ တစ်ဝှမ်းလုံးရှိ လူ့အခွင့်အရေးအခြေအနေကို အသေးစိတ်ဆက်စပ်ဖော်ပြထားခြင်းဖြစ်သည်။

Editorial Sections: