ဥေရာပသမဂၢ ျမန္မာနိဳင္ငံဆိုင္ရာသံရုံး

ဥရောပအဖွဲ့မှ အာဆီယံဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ထောက်ပံ့ကူညီရန်အတွက် ယူရိုငွေ သန်း၈၀၀ကျော် အသုံးပြု

Yakarta, 21/07/2020 - 13:37, UNIQUE ID: 200721_22
Press releases

ကိုရိုနာဗိုင်းရပ်စ်နှင့် ၎င်း၏ နောက်ဆက်တွဲတို့ကို တန်ပြန်တိုက်ဖျက်ရာတွင် မိတ်ဖက်နိုင်ငံများကို ကူညီထောက်ပံ့ရန်အတွက် ဥရောပ သမဂ္ဂမှ အာဆီယံဒေသအတွက် “ဥရောပအဖွဲ့” ရန်ပုံငွေ ယူရိုသန်း ၈၀၀ကျော်အား အသုံးပြုလိုက်ပြီဖြစ်သည်။ ထို “ဥရောပအဖွဲ့” နည်းလမ်း နောက်ဆက်တွဲအနေဖြင့် ဥရောပသမဂ္ဂသည် ၎င်း၏ ရင်းမြစ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအား အား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းမည်ဖြစ်သည်။ အဆိုပါရန်ပုံငွေတို့သည် ရုတ်ခြည်းဖြေရှင်းရန် လိုသော ကျန်းမာရေးပြဿနာများ၊ ကျန်းမာရေးစနစ်၊ ရေနှင့် မိလ္လာစနစ်တို့ ပိုမိုကောင်းမွန်ရေးနှင့် လူမှုစီးပွါးရေး ရိုက်ခတ်မှုများကို လျှော့ချရန်အတွက် နိုင်ငံတော်အဆင့်နှင့် ဒေသတွင်းအဆင့် လုပ်ငန်းစဉ်များကို အထောက်အပံ့ပေးမည်ဖြစ်သည်။

အာဆီယံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ် Igor Driesmans က ဆိုသည်မှာ “ကျွန်ုပ်တို့ဟာ ဥရောပသမဂ္ဂနဲ့ အာဆီယံထဲမှာ ယခင်က မကြုံခဲ့ဖူးတဲ့ ကျန်းမာရေးပြဿနာတွေအပြင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုပါ ရင်ဆိုင်နေရပါတယ်။ ကျွန်ုပ်တို့အနေနဲ့ အားကောင်းတဲ့ စည်းလုံးညီညွတ်မှုစိတ်ဓါတ်အရ ဒေသအချင်းချင်း နှစ်ပေါင်း လေးဆယ်ကြာအောင် မိတ်ဖက်ဖွဲ့စည်းလာတဲ့အလျောက် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးကြီးကြောင့်ဖြစ်လာတဲ့ စီးပွါးရေးနဲ့ လူမှုရေးဒဏ်တွေကို သက်သာနိုင်စေဖို့အတွက် အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေကို “ဥရောပအဖွဲ့” ရန်ပုံငွေ ယူရို သန်း ၈၀၀ ကျော်ကို အသုံးပြုလိုက်ပါပြီ”

အဆိုပါ ရန်ပုံငွေထဲတွင် WHO အတွက် ဒေသတွင်းအထောက်အပံ့များ ပါသကဲ့သို့ သိပ္ပံအဖွဲ့အစည်းများ အကြားပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်လည်း ရည်ရွယ်ပါဝင်ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်းတွင် ထိုအစီအစဉ်များသည် အရပ်ဖက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းအထောက်အပံ့၊ စီးပွါးရေးပြန်လည်ထူထောင်နိုင်စေရန် ဘတ်ဂျတ်အထောက်အပံ့၊ ကျန်းမာရေးစောင့်ရှောက်မှု ဌာနများနှင့် စစ်ဆေးရေးဌာနများအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကိုလည်း ဦးတည်ပါသည်။

ဥရောပသမဂ္ဂအနေနှင့် ထိုအခက်အခဲအား ဒေသတွင်းအဆင့် တုံ့ပြန်ဆောင်ရွက်ရာတွင်  ရရှိခဲ့သောအတွေ့အကြုံများကို ဒေသအဆင့် ဖလှယ်ရန်အတွက် အာဆီယံနှင့် လက်တွဲလုပ်ကိုင်လျက်ရှိသည်။ ဥရောပသမဂ္ဂ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ပထမဆုံးအကြိမ်အွန်လိုင်း အစည်းအဝေးပွဲကို မတ်လ ၂၀ရက် ၂၀၂၀တွင် ကျင်းပခဲ့ရာ၌ နှစ်ဖက်စလုံးမှ ကိုရိုနာဗိုင်းရပ်စ်ဘေးနှင့် ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်ရာတွင် လက်တွဲပူးပေါင်းရန် သဘောတူညီခဲ့ကြလေသည်။

နောက်ခံအကြောင်းအရာ ရှင်းလင်းချက်

ဥရောပသမဂ္ဂအနေနှင့် “ဥရောပအဖွဲ့” ရန်ပုံငွေ ယူရို ၃၆ဘီလျံနီးပါးကို ကမ္ဘာတစ်ဝှမ်းရှိ မိတ်ဖက်နိုင်ငံများအား ကူညီရန်အတွက်  မတည်ထူထောင်ခဲ့ပြီးဖြစ်သည်။ ဤ “ဥရောပအဖွဲ့”

ရန်ပုံငွေ နည်းလမ်း၏ ရည်ရွယ်ချက်မှာ ဥရောပသမဂ္ဂမှ၊ ၎င်း၏ အဖွဲ့ဝင်နိုင်ငံများမှ ရင်းမြစ်များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများကို ပေါင်းစည်းရန်၊ အထူးသဖြင့် ဥရောပရင်းနှီးမြှုပ်နှံရေးဘဏ်နှင့် ဥရောပဘဏ်တို့ကို ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပေါင်းစည်းရန်ဖြစ်သည်။

အာဆီယံ ဒေသတွင်းအဆင့်တွင် “ဥရောပအဖွဲ့မှ” ဆောင်ရွက်မည့်အရာများမှာ -

  • အ​ရှေ့တောင်အာရှ WHO ကို ကျန်းမာရေးစနစ် စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ်နှင့် နောင်လာမည့် ရောဂါများအတွက် ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်ရန် (ယူရိုသန်း၂၀) ကူညီထောက်ပံ့ခြင်း
  • ဥရောပသမဂ္ဂ၏ ၂၀၂၀ သုတေသနနှင့် ဆန်းသစ်တီထွင်မှုာမိုးကုတ်စက်ဝိုင်း မူဘောင်အစီအစဉ်မှတစ်ဆင့် အာဆီယံ သိပ္ပံအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ပျိုးထောင်ပေးခြင်း

 

အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီအတွက် “ဥရောပအဖွဲ့” မှ ရန်ပုံငွေထောက်ပံ့သော အရာများမှာ -

  • အထူးသဖြင့် အရပ်ဖက် လူမှုအသိုင်းအဝိုင်းများနှင့် အတူတကွ ဆောင်ရွက်၍ ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများ၏ စားဝတ်နေရေးနှင့် ဒဏ်ခံနိုင်စွမ်းတို့ကို ကာကွယ်ပေးခြင်း
  • စီးပွါးရေးပြန်လည် နာလန်ထူစေရန် အတွက် ဘတ်ဂျတ်အထောက်အပံ့ပေးခြင်း
  • ကျန်းမာရေးစောင့်ရှောက်ရာ ဌာနများ နှင့် စစ်ဆေးနိုင်စွမ်းများ
  • လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ

 

ဥရောသမဂ္ဂ-အာဆီယံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် လုပ်ငန်းဥပမာများ -

  • ကိုဗစ်-၁၉ နှင့် သက်ဆိုင်သော ပုံစံဖော်ဆောင်ရေးနှင့် ရောဂါအမည်ဖော်သတ်မှတ်ရေးအတွက် စွမ်းရည်မြင့်တွက်ချက်ရေး (HPC) အတွက်ရည်ရွယ်ကျင်းပသော အွန်လိုင်းဆွေးနွေးပွဲကို ဥရောပသမဂ္ဂ-အာဆီယံ ဆွေးနွေးပွဲကျင်းပရေးဌာန(E-READI) မှ ကျင်းပပေးခဲ့ခြင်း
  • အာဆီယံတောင်သူလယ်သမား အဖွဲ့အစည်းများ ထောက်ပံ့ကူညီရေး စီမံကိန်း(AFOSP) မှ ပြည်တွင်းတွင် စွန့်ဦးဖော်ဆောင်နိုင်သော အရာများကို အွန်လိုင်းမှ မျှဝေရှင်းလင်းရေးအစီအစဉ် ကျင်းပပေးပြီး သမဝါယမ ဆိုင်များနှင့် ထုတ်လုပ်ရေးလုပ်ငန်းစဉ်များကို လော့ခ်ဒေါင်းကာလအတွင်း ကူညီပေးကာ အွန်လိုင်းဈေးကွက်ဖော်ဆောင်ခြင်းနှင့် ဝယ်ယူသူထံ အရောက်ပို့ဆောင်ခြင်းတို့ကို ဖြစ်နိုင်သော နေရာများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

WeEmpowerAsia အစီအစဉ်မှ အမျိုးသမီးများအား ကပ်ရောဂါဘေးဆိုက်ရောက်နေစဉ်ကာလအတွင်း ဘဏ္ဍာရေးနှင့်

  • WeEmpowerAsia အစီအစဉ်မှ အမျိုးသမီးများအား ကပ်ရောဂါဘေးဆိုက်ရောက်နေစဉ်ကာလအတွင်း ဘဏ္ဍာရေးနှင့် ဒီဂျစ်တယ်အသိပညာပေးသင်တန်းများပေးကာ ပုဂ္ဂလိကကဏ္ဍ စီးပွါးရေးလုပ်ငန်းများတွင် ဦးဆောင်နိုင်ရန်နှင့် ပါဝင်နိုင်ရန်အတွက် အခွင့်အလမ်းများ ပေးလျက်ရှိသည်။

 

For more information :

Languages:
Editorial Sections: