ဥေရာပသမဂၢ ျမန္မာနိဳင္ငံဆိုင္ရာသံရုံး

နိုင်ငံတကာ လိင်တူချစ်သူများ၊ လိင်ပြောင်းထားသူများနှင့် လိင်တူလိင်ကွဲနှစ်မျိုးလုံးချစ်သူများအပေါ် မုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်ရေးနေ့ (မေလ ၁၇ရက်) နှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်

ရန်ကုန်၊ ၁၇ ရက်၊ မေလ၊ ၂၀၂၀ ခုနှစ်, 14/05/2020 - 10:50, UNIQUE ID: 200514_7
Local Statements

နှစ်စဉ် မေလ ၁၇ ရက်နေ့သည် နိုင်ငံတကာ လိင်တူချစ်သူများ၊ လိင်ပြောင်းထားသူများနှင့် လိင်တူလိင်ကွဲနှစ်မျိုးလုံးချစ်သူ များအပေါ် မုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်ရေးနေ့ (IDAHOT) ဖြစ်ပါသည်။ ဤအထိမ်းအမှတ်နေ့သည် ကမ္ဘာတစ်လွှား ရှိ အမျိုးသမီးချင်း စိတ်ဝင်စားသူများ၊ အမျိုးသားချင်း စိတ်ဝင်စားသူများ၊ လိင်တူလိင်ကွဲနှစ်မျိုးလုံး စိတ်ဝင်စားသူများ၊ လိင် ပြောင်းထားသူများ၊ လိင်ကွဲပြားမှုရောထွေးနေသူများနှင့် လိင်တူခြင်းချစ်သူများ ကြုံတွေ့နေရဆဲဖြစ်သည့် စိန်ခေါ်မှုများ၊ ခွဲ ခြားဆက်ဆံခံရမှုများ၊ အကြမ်းဖက်ခံရမှုများကို အလေးထား စဉ်းစားဆင်ခြင်ကာ အားလုံးအတွက် တန်းတူညီမျှသော အခွင့်အရေးများ ရရှိလာစေရန် ကြိုးပမ်းရမည့် ကျွန်ုပ်တို့၏ သံန္နိဌာန်ကို ပိုမိုခိုင်မာလာစေသည့် နေ့လည်း ဖြစ်ပါည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဌာနေကိုယ်စားလှယ်ရုံးများ၏ သံရုံးအကြီးအကဲများသည် အောက်ပါအကြောင်းအရာများကို ထုတ်ပြန်အပ်ပါသည်။

နှစ်စဉ် မေလ ၁၇ ရက်နေ့သည် နိုင်ငံတကာ လိင်တူချစ်သူများ၊ လိင်ပြောင်းထားသူများနှင့် လိင်တူလိင်ကွဲနှစ်မျိုးလုံးချစ်သူ များအပေါ် မုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်ရေးနေ့ (IDAHOT) ဖြစ်ပါသည်။ ဤအထိမ်းအမှတ်နေ့သည် ကမ္ဘာတစ်လွှား ရှိ အမျိုးသမီးချင်း စိတ်ဝင်စားသူများ၊ အမျိုးသားချင်း စိတ်ဝင်စားသူများ၊ လိင်တူလိင်ကွဲနှစ်မျိုးလုံး စိတ်ဝင်စားသူများ၊ လိင် ပြောင်းထားသူများ၊ လိင်ကွဲပြားမှုရောထွေးနေသူများနှင့်  လိင်တူခြင်းချစ်သူများ ကြုံတွေ့နေရဆဲဖြစ်သည့် စိန်ခေါ်မှုများ၊ ခွဲ ခြားဆက်ဆံခံရမှုများ၊ အကြမ်းဖက်ခံရမှုများကို အလေးထား စဉ်းစားဆင်ခြင်ကာ အားလုံးအတွက် တန်းတူညီမျှသော အခွင့်အရေးများ ရရှိလာစေရန် ကြိုးပမ်းရမည့် ကျွန်ုပ်တို့၏ သံန္နိဌာန်ကို ပိုမိုခိုင်မာလာစေသည့် နေ့လည်း ဖြစ်ပါည်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင် လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာဆိုင်ရာ အခြေခံမူများကို ပြဌာန်းထားပါသည်။ ယင်းအခွင့်အရေးများကို လူတစ်ဦးချင်းစီ၏ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု သို့မဟုတ် လိင်ဖြစ်တည်မှု မည်သို့ပင်ရှိစေကာမူ ရရှိခံစားနိုင်ခွင့်ရှိပြီး ကမ္ဘာတစ်လွှားရှိ LGBTIQ ပုဂ္ဂိုလ်များအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုပုံစံအမျိုးမျိုးတို့ကို ရှုတ် ချရမည် ဖြစ်ပါသည်။

မြန်မာ့လူမှုအသိုင်းအဝိုင်းအနေဖြင့် ထူးခြားသော အသွင်ကူးပြောင်းမှုများကို ဖြတ်သန်းနေရသည့်အလျောက် လွတ်လပ်ခွင့် ဆိုင်ရာ နယ်ပယ်အသစ်များ ပိုမိုများပြားလာပြီး လူတိုင်း၏ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိမှုများ တိုးတက်လာနေပါသည်။ LGBTIQ ပုဂ္ဂိုလ်များ၏ အခြေအနေများမှာလည်း လွန်ခဲ့သည့်နှစ်များတွင် ကောင်းစွာတိုးတက်လာသည်ဖြစ်ရာ အစိုးရအဖွဲ့၏ လုပ် ဆောင်ပေးမှုများ၊ တန်းတူညီမျှသော အခွင့်အရေးနှင့် ကိုယ်တိုင်ထုတ်ဖော်ပြောဆိုခွင့် မရှိကြသူများအတွက် ရှေ့မှ မားမား မတ်မတ် ရပ်တည်ပေးကြပြီး နေ့စဉ်နှင့်အမျှ ကြိုးစားဆောင်ရွက်ပေးနေကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူ့အခွင့် အရေး ကာကွယ်သူများ၊ တက်ကြွလှုပ်ရှားသူများအားလုံး၏ သတ္တိတို့ကို ကျွန်ုပ်တို့ ချီးမွမ်းထောပနာပြုအပ်ပါသည်။

မြန်မာနိုင်ငံတွင် လိင်တူချင်း ပေါင်းသင်းခြင်းအတွက် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၇ ကို လက်တွေ့ကျင့်သုံးမှု မရှိခြင်းအပေါ် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံဆိုင်ရာ အီးယူအဖွဲ့ဝင်နိုင်ငံ များအနေဖြင့် မှတ်သားသိရှိထားပါသည်။ သို့သော်လည်း ယင်းပုဒ်မသည် တစ်ဦးချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင် ရာ လုံခြုံမှုကို ထိပါးလာနိုင်စေသည့် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် တည်ရှိနေပါသေးသည်။ လူ့အခွင့်အရေးဆိုင်ရာ အခြေ အနေကောင်းများ ပိုမိုဖြစ်ထွန်းလာရေး၌ ဥပဒေကြောင်းအရ အတားအဆီးတစ်ရပ်အဖြစ် တည်ရှိနေဆဲဖြစ်သည့် ယင်းပုဒ်မ ကို အစိုးရအဖွဲ့နှင့် ဥပဒေပြုကိုယ်စားလှယ်တော်ကြီးများက ပယ်ဖျက်သွားရန် ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းဖြင့် ပိုမို ကောင်းမွန်သော အရွေ့တစ်ခုကို ထပ်မံဆောင်ကြဉ်းနိုင်မည့် အခွင့်အရေးရှိနေပါသေးသည်။ လိင်တူချစ်သူများနှင့် လိင် ပြောင်းထားသူများအပေါ် မုန်းတီးမှုများကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို တရား ဥပဒေအရ အကာအကွယ်ပေးရေး၊ နစ်နာခံစားခဲ့ရသူများအား တရားဥပဒေအတိုင်း ဖြစ်စေမှုနှင့် ဖြေရှင်းပေးမှုများ လက် လှမ်းမီနိုင်ရန် ပံ့ပိုးကူညီပေးရေးတို့ကို အစိုးရအဖွဲ့အနေဖြင့်  ဆောင်ရွက်ပေးပါရန်လည်း တိုက်တွန်းအပ်ပါသည်။

ဤအကြောင်းအရာသည် လူ့အဖွဲ့အစည်းအတွင်း ထိရှလွယ်သော အကြောင်းအရာတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း ကျွန်ုပ်တို့အနေဖြင့် ကောင်းစွာ သိရှိနားလည်ထားပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး ပိုမိုနားလည်မှုရှိလာ စေရန် အလို့ငှာ အများပြည်သူ၏ သိရှိနားလည်မှု အားကောင်းလာစေနိုင်မည့် စဉ်ဆက်မပြတ်ဖြစ်ပြီး ပွင့်လင်းသော ဆွေး နွေးမှုတစ်ရပ် ရှိနေရန် လိုအပ်ကြောင်း အခိုင်အမာ ယုံကြည်ပါသည်။

ယခုနှစ် နိုင်ငံတကာ လိင်တူချစ်သူများ၊ လိင်ပြောင်းထားသူများနှင့် လိင်တူလိင်ကွဲနှစ်မျိုးလုံးချစ်သူများအပေါ် မုန်းတီးမှုများ ကို ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခေါင်းစဉ်မှာတိတ်ဆိတ်မှုကို ဖြိုခွဲခြင်းဟူ၍ ဖြစ်ပါသည်။ တစ်ကမ္ဘာလုံး ရင်ဆိုင်တိုက်ပွဲဝင်နေရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မိတ်ဘက်များ ဖြစ်ကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ကျင်းပခြင်း မပြုနိုင်သော်လည်း LGBTIQ အခွင့်အရေးများကို အများပြည်သူ ပိုမိုသိရှိလာစေရန်နှင့် တိတ်ဆိတ်မှုကို ဖြိုခွဲနိုင်ရန် အလို့ငှာ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးနှင့် ပြင်သစ်ယဉ်ကျေးမှုဌာန၏ လှုမှုကွန်ယက်စာမျက်နှာများတွင် ရုပ်ရှင်၊ ဓာတ်ပုံဇာတ်လမ်းနှင့် အွန်လိုင်းတင်ဆက်မှုများကို မေလ ၁၇ ရက်မှ ၂၂ အထိ စီစဉ်တင်ဆက်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးနှင့် ပြင်သစ်ယဉ်ကျေးမှုဌာနသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံဆိုင်ရာ အခြားအီးယူအဖွဲ့ဝင်နိုင်ငံများနှင့်အတူ  မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ ဖြစ်ကြသည့် Colors Rainbow နှင့် &Proud အဖွဲ့အစည်းတို့၏ အွန်လိုင်းလှုပ်ရှားမှုအစီအစဉ်များတွင် ပါဝင်ခြင်း၊ ပံ့ပိုးခြင်းများလည်း ပြုလုပ်သွားမည် ဖြစ်ပါသည်။

နိုင်ငံတကာ လိင်တူချစ်သူများ၊ လိင်ပြောင်းထားသူများနှင့် လိင်တူလိင်ကွဲနှစ်မျိုးလုံးချစ်သူများအပေါ် မုန်းတီးမှုများကို ဆန့် ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူအဖွဲ့ဝင်နိုင်ငံများ သံရုံးများနှင့် ဌာနေကိုယ်စားလှယ်ရုံးများသည် မြန်မာနိုင်ငံရှိ အမျိုးသမီးချင်း စိတ်ဝင်စားသူများ၊ အမျိုးသားချင်း စိတ်ဝင် စားသူများ၊ လိင်တူလိင်ကွဲနှစ်မျိုးလုံး စိတ်ဝင်စားသူများ၊ လိင်ပြောင်းထားသူများ၊ လိင်ကွဲပြားမှုရောထွေးနေသူများနှင့်  လိင် တူခြင်းချစ်သူများ၏ အခွင့်အရေးများကို မြှင့်တင်ပေးသွားရန်နှင့် ကာကွယ်ပေးရန် သံန္ဒိဌာန်များကို ထပ်လောင်းအတည်ပြု အပ်ပါသည်။

Languages:
Editorial Sections: