ဥေရာပသမဂၢ ျမန္မာနိဳင္ငံဆိုင္ရာသံရုံး

ပိုမိုကောင်းမွန်သော လူမှုရေးရာနင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အဆင့်အတန်းသို့ ရောက်ရှိရန် အထည်ချုပ်လုပ်ငန်းများနှင့် ဥရောပသမဂ္ဂတို့ တိုးမြှင့်ပူးပေါင်းလုပ်ဆောင်မည်

06/12/2019 - 10:58
News stories

ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့သော SMART Textile & Garments စီမံကိန်းသစ်သည် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများတွင် လူမှုရေးရာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်များ ပိုမိုမြင့်တက်လာစေရန် နာမည်ကြီးကုန်အမှတ်တံဆိပ်များ၊ အလုပ်သမားသမဂ္ဂနှင့် စီးပွားရေးအသင်း အဖွဲ့များနှင့် အတူတကွလုပ်ဆောင်ကြမည်ဖြစ်သည်။


ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် လူမှုရေးရာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် အစီအစဉ်သစ်တစ်ခုကို ဒီဇင်ဘာလ ()ရက်နေ့က မိတ်ဆက်ခဲ့ပါသည်။ SMART Textile & Garments သည် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ်နှင့် အခြား ဒေသကြီးများရှိ ချည်မျှင်နှင့်အထည်ချုပ်စက်ရုံပေါင်း တစ်ရာကျော်နှင့် အတူတကွ လက်တွဲလုပ်ကိုင်လျက် ရှိသည်။ စီမံကိန်းတွင် လူသားအရင်းအမြစ်စီမံခန့်ခွဲမှုစနစ်များ၊ လုပ်ငန်းခွင် ဆက်သွယ်ဆက်ဆံမှုများ၊ အခါအားလျော်စွာ လုံခြုံရေးနှင့် ကျန်းမာရေးကိစ္စရပ်များ၊ ဓာတုပစ္စည်းနှင့်အညစ်အကြေးစီမံခန့်ခွဲမှု နှင့် စွမ်းအင်ထိရောက်စွာသုံးစွဲနိင်မှု အစရှိသောခေါင်းစဉ်များတွင် အင်ဂျင်နီယာများနှင့် ပြည်တွင်းနှင့်  ဥရောပရှိ ကျွမ်းကျင်သူများမှ တစ်ပါတည်း အကဲဖြတ်ခြင်းနှင့် သင်တန်းပေးခြင်းတို့ကို ပြုလုပ်ပေးမည်ဖြစ်သည်။

 

မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍဟာ ၂၀၁၃ ခုနှစ်ကတည်းက အံ့သြဖွယ်ရာကောင်းလောက်အောင် မျှော်မှန်းထားတဲ့အတိုင်း ပြည်ပပို့ကုန် တိုးတက်လာမှုကို မျက်မြင်ကြုံတွေ့ပြီးဖြစ်ပါတယ်။ အထည်ချုပ်  လုပ်ငန်းဟာ ဥရောပဈေးကွက်မှာ ကောင်းစွာနေရာယူ ရောင်းချနိုင်ခဲ့ပြီးဖြစ်သလို အများအားဖြင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းထောင်ပေါင်းများစွာကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ SMART မြန်မာဟာ မြန်မာ့အဝတ်အထည်လုပ်ငန်းရဲ့ ပိုမိုရေရှည်တည်တံ့သော အလေ့အကျင့်များ ပြောင်းလဲ ရေးအတွက် ပူးပေါင်းလုပ်ဆောင်ရာမှာ အလွန်ထူးကဲသင့်လျော်တဲ့ အစီအစဉ်တစ်ခု ဖြစ်ကြောင်း သက်သေပြလိုက်တာပါပဲဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့မှ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဒုတိယအကြီးအကဲ Pedro Campo Llopis မှပြောကြားခဲ့သည်။ဥရောပဟာ ကမ္ဘာ့အကြီးဆုံး စားသုံးသူဈေးကွက်တွေထဲက တစ်ခုဖြစ်ပြီး ဥရောပမှာရှိတဲ့ စားသုံးသူတွေဟာ သူတို့ဝယ်ယူတဲ့ ထုတ်ကုန်တွေကို ဘယ်မှာထုတ်လုပ်ကြောင်း၊ ဘယ်လိုထုတ်လုပ်ကြောင်းအပေါ် အထူးအာရုံစိုက်ကြတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံတကာ အလုပ်သမားအဆင့်အတန်းတွေကို လေးစားမှုတို့ဟာ မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ရဲ့ ကုန်သွယ်ရေး ဆက်ဆံမှုအတွက် အရေးပါတဲ့ ကိစ္စရပ်တွေဖြစ်ပြီး အဲဒါကြောင့်ပဲ SMART Textiles & Garments  အစီအစဉ်အရ မြန်မာအထည်ချုပ်လုပ်ငန်းကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန် အရေးပါတာပါဟု Mr. Campo Llopis မှ အထူးအလေးထားပြောကြားခဲ့သည်။

 

H&M Bestseller နှင့် C&A အပါအဝင် များစွာသော နိုင်ငံတကာ လက်လီရောင်းချသူများသည် မြန်မာအခြေစိုက် ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်အတွင်း စွမ်းဆောင်ရည်တိုးမြှင့်ရေး အစီအစဉ်သစ်ကို ပံ့ပိုးပေးရန် သဘောတူခဲ့ကြသည်။

 

ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့ပေးထားသော SMART မြန်မာ စီမံကိန်းသည် ၂၀၁၃ ခုနှစ်ကတည်းက အရင်းအမြစ်ထိရောက်စွာသုံးစွဲနိုင်မှုနှင့် လူမှုရေးရာတာဝန်များအပေါ်တွင် အလေးပေးသော အယူအဆ တစ်ရပ်အဖြစ်မြန်မာနိုင်ငံထုတ်အဝတ်အထည်များ ရေရှည်တည်တံ့သော သုံးစွဲမှုနှင့် ထုတ်လုပ်မှု တိုးမြှင့်ရန် အထည်ချုပ်စက်ရုံများနှင့် လက်တွဲလုပ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် SMART မြန်မာ သည် သင်တန်းများနှင့် တိုင်ပင်နှီးနှောရေးအစီအစဉ်များကို အဝတ်အထည်၊ အထည်အလိပ်နှင့် ဖိနပ်စက်ရုံ ၂၉၉ ခုနှင့် ၂၀၁၆ ကတည်းက ချိတ်ဆက်လုပ်ဆောင်ခဲ့ပြီး လုံခြုံစိတ်ချရသော လုပ်ငန်းခွင်နေရာများ၊ ထိရောက်သော လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ ထိရောက်သောစွမ်းအင်သုံးစွဲမှုတို့နှင့် ဆက်နွယ်သော တိုးတက်မှုပေါင်းများစွာကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့သည်။

 

SMART Textiles & Garments သည် SMART မြန်မာ စီမံကိန်းပေါ်တွင် အခြေခံတည်ဆောက်ထားပြီး နိုင်ငံတစ်ဝန်း မတူညီသော နေရာများရှိ ချည်မျှင်နှင့်အထည်ချုပ်စက်ရုံရာပေါင်းများစွာကို လူမှုရေးရာနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်မှုများအတွက် သင်တန်းများနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးအစီအစဉ်များ တိုးချဲ့ပြုလုပ်မည်ဖြစ်သည်။

 

SMART Textiles & Garments ကို ဂျာမနီနိုင်ငံရှိ sequa မှ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဘယ်ဂျီယံနိုင်ငံရှိ amfori နှင့် မြန်မာနိုင်ငံရှိ သုတေသနနှင့် မူဝါဒရေးရာအဖွဲ့အစည်းဖြစ်သော မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CESD) တို့နှင့်အတူ ပူးပေါင်း၍ အကောင်အထည်ဖော်လုပ်ဆောင်ခြင်းဖြစ်သည်။

Languages:
Editorial Sections: