ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာသံရုံး

ဥရောပနေ့ ၂၀၁၉

Yangon, 07/05/2019 - 12:59, UNIQUE ID: 190507_8
Press releases

"EU Meets Myanmar" ဂီတဖျော်ဖြေပွဲတွင် ဥရောပနှင့်မြန်မာ့ဂန္တဝင်တေးသီချင်းကြီးများဖြင့် လူငယ်တေးဂီတပညာရှင်များက သာယာဖွယ်ညနေခင်းတစ်ခုဖန်တီး

ရန်ကုန်၊ မေလ (၇) ရက် ၊၂၀၁၉ ။ ။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှ  ကြီးမှူးကျင်းပသော   ဥရောပနှင့် မြန်မာတွေ့ဆုံခြင်း  (EU Meets Myanmar) ဂီတဖျော်ဖြေပွဲကို ဂန္တဝင်တေးသီချင်းများအား  ချစ်မြတ်နိုးသူများအတွက် မေလ ၁၀ ရက်နေ့ တွင် အမှတ်ရဖွယ်ရာ  သောကြာနေ့ ညနေခင်းအဖြစ် ရန်ကုန်မြို့  Strand Hotel Ballroom တွင် ကျင်းပသွားမည်ဖြစ်သည်။

မြန်မာအတွက် သံစုံတီးဝိုင်းအဖွဲ့ (Orchestra for Myanmar)၊ ကလေးငယ်များ သံစုံသီကျူးအဖွဲ့အသစ် (New Children’s Choir)၊  Strand Singers အဖွဲ့နှင့်  ပါရမီရှင်လူငယ်တေးဂီတပညာရှင်များသည် European Union Youth Orchestra မှ ဆရာ၊ဆရာမဟောင်းများနှင့်အတူ ဥရောပဂန္တဝင်သံစဉ်များ၊  မြန်မာနှင့် ဥရောပ ရိုးရာတေးသီချင်းများ ကို ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။ ဂီတဖျော်ဖြေပွဲကို စိတ်ဝင်စားသူမည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် လာရောက် ဆင်နွှဲနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ဥရောပနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော ဥရောပ နှင့် မြန်မာ တွေ့ဆုံခြင်း (EU Meets Myanmar) ဂီတဖျော်ဖြေပွဲသည် ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားဖြစ်သော ဂီတမှတစ်ဆင့် မတူကွဲပြားမှုများကို ပေါင်းကူးပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။  မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Kristian Schmidt က " ဂီတက မတူညီတဲ့ ယဉ်ကျေးမှု၊ရိုးရာတွေနဲ့ နိုင်ငံတွေကြားက အင်အားကြီးမားတဲ့ ပေါင်းကူးတံတားဖြစ်ပါတယ်။ ဥရောပသမဂ္ဂဆိုင်ရာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ရည်ရွယ်ပြီး ဥရောပနေ့ဖြစ်တဲ့ မေလ ၉ ရက်နေ့မှာ နှစ်စဉ် ကျင်းပလျက်ရှိပါတယ်။ ဒီဂီတဖျော်ဖြေပွဲကတစ်ဆင့် ဥရောပရဲ့ တက်ကြွတဲ့စိတ်ဓာတ်နဲ့  နွေးထွေးမှုတွေကို  မြန်မာပြည်သူတွေနဲ့အတူ မျှဝေခံစားချင်ပါတယ်" ဟု ဆိုသည်။

European Union Youth Orchestra (EUYO) မှ ကျောင်းသူဟောင်းငါးဦးသည် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး Orchestra for Myanmar ၊ New Children’s Choir နှင့် Strands Singers အဖွဲ့မှ ဂီတပညာရှင် များနှင့်အတူ ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း သံစုံတီးဝိုင်းအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဥရောပသမဂ္ဂ၏ ယဉ်ကျေးမှုဆိုင်ရာ သံတမန်လည်းဖြစ်သော EUYO သည် ဥရောပ၏ အကောင်းဆုံးအနုပညာရှင်မျိုးဆက်သစ်များအတွက် ဂီတကောလိပ်ကျောင်းများနှင့် ဂီတပညာရှင်များကို ထူးခြားသောပေါင်းကူးတံတားသဖွယ် လုပ်ဆောင်ပေးလျက်ရှိသည်။ ၁၉၇၆ ခုနှစ်ကတည်းက ကမ္ဘာ့အကြီးဆုံးဖျော်ဖြေပွဲများ နှင့် ပွဲတော်အများအပြားတွင် ပါဝင်ဖျော်ဖြေခဲ့ပါသည်။ အမ်စတာဒမ်မြို့မှ အဘူဒါဘီ၊ မော်စကို မှ မွန်ဘိုင်း၊ ဆိုးလ် မှ São Paulo အစရှိသည့် ကမ္ဘာတစ်ဝှမ်းရှိ တိုက်ကြီးငါးတိုက်တွင် EUYO သည် ဖျော်ဖြေမှုပေါင်း ရာကျော် တင်ဆက်ဖျော်ဖြေခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင် ဗြိတိန်-တရုတ်-ဂျာမန် လူမျိုး တယောပညာရှင်လည်းဖြစ်ပြီး ဂီတမှူးတစ်ဦးလဲဖြစ်သူ Sebastian See-Schierenberg မှ တည်ထောင်ခဲ့သော Orchestra for Myanmar သည် ဝါသနာကြီးသော မြန်မာလူငယ်ဂီတပညာရှင်များအား နိုင်ငံတကာအဆင့်မီ လေ့ကျင့်မှုနှင့် အခွင့်အလမ်းများကို  ပေးစွမ်းလျက်ရှိပါသည်။ ၎င်းတို့၏ ဧည့်သည် သင်ကြားရေးအဖွဲ့တွင် ကမ္ဘာတစ်ဝှမ်းရှိ သံစုံတီးဝိုင်းပညာရှင်အဖွဲ့များ နှင့် တက္ကသိုလ်များမှ ဂီတပညာရှင်များ ပါဝင်ခဲ့ပါသည်။

Orchestra for Myanmar သည် BBC သံစုံတီးဝိုင်း၊ ကွမ်ကျူး သံစုံတီးဝိုင်း၊ ဟောင်ကောင် Sinfonietta နှင့် တက္ကသိုလ်အများအပြားနှင့် ဂီတပညာရှင်များ အပါအဝင် နိုင်ငံတကာမှ ချီးကျူးဂုဏ်ပြုခံရသော ဂီတပညာရှင်များနှင့်အတူ ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။

 “ကျွန်တော်တို့ရဲ့ လူငယ်တေးသံရှင်တွေက အခုလိုယုံကြည်မှုအပြည့်နဲ့ တိုးတက်လာပြီးတော့ ကျွန်တော်တို့ရဲ့  ဂီတကျောင်းသားတွေကလဲ အခွင့်အရေးရရင် ရသလို လေ့ကျင့်မှုတွေလုပ်ပြီး အတွေ့အကြုံကောင်းတွေ  ရလာတာ ရယ် ပြီးတော့ ကမ္ဘာ့အကောင်းဆုံး သော ဧည့် နည်းပြတွေကို ခေါ်ဆောင်လာပြီး အတူတကွဖျော်ဖြေ တင်ဆက်နေကြတာတွေကို      တွေ့ရတာ   အရမ်းကို အားရဖွယ်ကောင်းပါတယ်။ ကျွန်တော်တို့ကို ထောက်ပံ့အားပေးတဲ့ MARGA Youth Foundation ကိုလည်း သူတို့ရဲ့ စဉ်ဆက်မပြတ်  ထောက်ပံ့မှုတို့အတွက်  ကျေးဇူးအထူးတင်ရှိပါတယ်။အခုလို မြန်မာလူငယ်ဂီတပညာရှင်တွေကို တန်ဖိုးကြီးတဲ့ အခွင့်အရေးကြီးကို ပေးတဲ့ ကျွန်တော်တို့ရဲ့  မိတ်ဆွေ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ နဲ့ EUYO တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့သားတွေက တစ်နေ့မှာ  ဒီနိုင်ငံအတွက် ယဉ်ကျေးမှု သံတမန်တွေ  ဖြစ်လာကြလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။” ဟု Sebastian See-Schierenberg က ဆိုသည်။

မိဘမဲ့ကျောင်းများ၊  ခရစ်ယာန်ဘုရားကျောင်းများ နှင့် ရန်ကုန်မြို့ရှိ ကျောင်းများမှ ကလေးငယ်များနှင့် ဖွဲ့စည်းထားသော New Children’s Choir ကို ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး နောက်ခံ မတူညီကွဲပြားသော ကလေးငယ်များကို စုစည်းမိတ်ဖွဲ့ရန်နှင့် ဂီတအား ယုံကြည်မှုတည်ဆောက်ရန်၊ ၎င်းတို့၏ အနာဂတ်စိတ်ကူးအိမ်မက်များအား ရယူနိုင်ရန် ခွန်အားရှိစေသော ကိရိယာတစ်ခုသဖွယ် အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။

Strand Singers အဖွဲ့သည် ရန်ကုန်မြို့ရှိ ပြည်ပနိုင်ငံသားများနှင့်  ဖွဲ့စည်းထားသော သံစုံသီကျူး အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ၎င်းတို့တွင် ဂီတဆရာ၊ဆရာမများ၊ သံစုံတီးဝိုင်း ဂီတ ပညာရှင်ဟောင်းများ နှင့် အပျော်တမ်း ဂီတပညာရှင်များပါဝင်ပြီး  ရန်ကုန်မြို့တစ်ဝှမ်းတွင်     ဖျော်ဖြေ တင်ဆက်လျက်ရှိသည်။ Orchestra for Myanmar ၊ New Children’s Choir တို့နှင့်အတူ ရံဖန်ရံခါ ဖျော်ဖြေလေ့ရှိသည်။

ဝင်ကြေးအခမဲ့ဖြစ်သော ဥရောပ နှင့် မြန်မာတွေ့ဆုံခြင်း (EU Meets Myanmar) ဂီတဖျော်ဖြေပွဲကြီးကို ဦးရာလူစနစ်ဖြင့် လာရောက်ဆင်နွဲနိုင်ပါသည်။ ည ၇ နာရီအချိန်တွင် ဝင်ခွင့် တံခါးများပိတ်မည်ဖြစ်ပါသည်။  ဖျော်ဖြေပွဲအခမ်းအနားအပြီးတွင် စားသောက်ဖွယ်ရာများဖြင့်လည်း ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက https://www.facebook.com/events/2179035672204521/ တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

 

မီဒီယာများ ဆက်သွယ်ရန်

ကြူကြူသင်း - (၉၅) ၉ ၄၂၅၂ ၉၄၆၀၆

ဇင်မောင်ထွန်း - (၉၅) ၉ ၂၆၆၀ ၀၅၀၀၄

အီးမေးလ် - mmrteam@ricecomms.com

 

Languages:
Editorial Sections: