ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာသံရုံး

Let’s talk justice! တရားမျှတစွာ စီရင်မှုအကြောင်းပြောကြပါစို့၊ မြန်မာနိုင်ငံတွင်း တရားမျှတမှုကိုပိုမိုရရှိ နိုင်စေဖို့ ရှေ့နေများ၊ ပညာရှင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို အီးယူမှ အတူတကွစုဝေး ခေါ် ဆောင်ခဲ့ပါသည်။

09/12/2017 - 07:04
News stories

မြန်မာနိုင်ငံ၏ တရားစီရင်မှုစနစ်နှင့် ပူးတွဲ ဆောင်ရွက်ရာတွင် ၎င်းတို့၏အတွေ့အကြုံများကို ဖလှယ်ဆွေး နွေးနိုင်ရန်နှင့် တရားမျှတစွာစီရင်မှု ပိုမိုရရှိစေ နိုင်မည့်နည်းလမ်းများကို ဖော်ထုတ်နိုင်ဖို့ ရှေ့နေများ၊ ဒေသန္တ ရ၊ နိုင်ငံတကာမှဥပဒေ ပညာရှင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်များမှာ ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၇-၈ ရက် နေ့ တို့၌ရန်ကုန်မြို့၌ အတူတကွစုဝေးရောက်ရှိလာခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏ တရားစီရင်မှုစနစ်နှင့် ပူးတွဲ ဆောင်ရွက်ရာတွင် ၎င်းတို့၏အတွေ့အကြုံများကို ဖလှယ်ဆွေး နွေးနိုင်ရန်နှင့် တရားမျှတစွာစီရင်မှု ပိုမိုရရှိစေ နိုင်မည့်နည်းလမ်းများကို ဖော်ထုတ်နိုင်ဖို့ ရှေ့နေများ၊ ဒေသန္တ ရ၊ နိုင်ငံတကာမှဥပဒေ ပညာရှင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်များမှာ ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၇-၈ ရက် နေ့ တို့၌ရန်ကုန်မြို့၌ အတူတကွစုဝေးရောက်ရှိလာခဲ့ကြပါသည်။ ယခု Let’s talk justice မိတ်ဖက်ဖို ရမ်မှာ ပြည်သူလူထုနှင့် လူထုအသိုင်းအဝိုင်းများကြား၎င်းတို့၏ရပိုင်ခွင့်များနှင့် ၎င်းရပိုင်ခွင့်များကို ကာကွယ် စောင့် ရှောက်နိုင်မည့်နည်းလမ်းများ ကိုပိုမိုသိရှိလာစေရေး အတွက်ရည်ရွယ်၍ ဥရောပသမဂ္ဂမှ ငွေကြေးပံ့ပိုးပေး ထားသည့် MyJustice လေးနှစ်တာအစီအစဉ်မှ စီစဉ်ကျင်းပပေးခြင်းဖြစ်ပါသည်။ ဤကျွန်ပ်၏တရားမျှ တမှု MyJustice စီမံကိန်းမှာ ဒေသန္တရလူထုအသိုင်းအဝိုင်းများအတွက် တရားရေး/ဥပဒေရေးရာအကူအညီ နှင့် ဆွေးနွေးအကြံပြုချက်များကို အခမဲ့ပေးနေသည့် “တရားမျှတမှုဌာန” အချို့ကိုလည်း ဖွင့်လှစ်ပေးထား လျက်ရှိပါသည်။

ဤ MyJustice စီမံကိန်းမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ အိမ်တွင်းအကြမ်း ဖက်မှု၊ ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ဆိုးသွမ်းလူငယ်များဆိုင်ရာတရားစီရင်ရေး၊ လိင်တူဆက်ဆံ သူများ၏အခွင့်အရေး၊ လယ်မြေ၊ အိမ်ယာ ပိုင်ဆိုင်မှုအခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေး၊ အလုပ်သမား နှင့်အလုပ်အကိုင်အခွင့်အရေးများ စသည့်ကျယ်ပြန့်များပြားလှသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရန်ကုန်၊ မွန်၊ ရှမ်း၊ မန္တလေး၊ ကရင်နှင့် ပဲခူးတို့တွင် ဥပဒေနှင့်အသက်မွေးဝမ်းကျောင်းပြုနေကြသည့် သူများနှင့်ပါ ချိတ်ဆက်၍ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့တွင်ကျင်းပသည့် ဤ Let’s talk Justice မိတ်ဖက် ဖိုရမ်မှာ ပါဝင်နေသည့်မိတ်ဖက်အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် အခွင့်အလမ်းအနည်းပါးဆုံးသော လူ့အသိုင်းအဝိုင်းအချို့တို့အပေါ် တရားဥပဒေ ဆိုင်ရာ လုပ်ပိုင်ခွင့်ကို ပိုမိုအပ်နှင်းပေးနိုင်ရန်အတွက် ကြိုး ပမ်းအားထုတ်ရာတွင် မိမိတို့သိရှိထားသည်များကို ပြန်လည်ဝေမျှခြင်း၊ တစ်ဦးနှင့်တစ်ဦးထံမှ ပြန်လည် လေ့လာသင်ယူခြင်းများ ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတစ်ခုဖန်တီးပေးထားခြင်းဖြစ်ပါသည်။

MyJustice နှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ဖို့ ဤ {"service" : "frame","src" : "https://europa.eu/webtools/crs/iframe?oriurl=https%3A%2F%2Fwww.facebook.com%2Fplugins%2Fvideo.php%3Fhref%3Dhttps%3A%2F%2Fwww.facebook.com%2Fmyjusticemyanmar%2Fvideos%2F745060195696527%2F" }">video ကိုကြည့်ပါ။

 

Languages:
Editorial Sections: