ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာသံရုံး

မြန်မာနိုင်ငံမှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ခရီးသွားခြင်း

12/05/2016 - 15:10
Travel to the EU

၁။ ရှန်းဂန်ဗီဇာဆိုသည်မှာ အဘယ်နည်း။ 

ဥရောပနိုင်ငံအများအတွက် တစ်ခုတည်းသော ဗီဇာ - ရှန်းဂန်ဆိုသည်မှာ ပြည်ဝင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော လူဇင်ဘတ်နိုင်ငံအတွင်း  မြို့လေးတစ်မြို့၏ နာမည်ဖြစ်ပါသည်။ လက်ရှိ ဥရောပ နိုင်ငံ၂၆နိုင်ငံသည် ရှန်းဂန်နိုင်ငံများ ဖြစ်ပြီး တူညီသော ဗီဇာမူဝါဒကို ကျင့်သုံးနေပါသည်။ ရှန်းဂန်နိုင်ငံများမှာ  အောက်ပါ ဥရောပ သမဂ္ဂဝင်နိုင်ငံများ - သြစထီးယား၊ ဘယ်လ်ဂျီယံ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ လူဇင်ဘတ်၊ မော်လတာ၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ စပိန်နှင့် ဆွီဒင်တို့ အပြင် အခြားသော ဥရောပသမဂ္ဂဝင် မဟုတ်သည့် နိုင်ငံများဖြစ်သော အိုက်စလန်၊ လက်ချန်စတိုင်း၊ နော်ဝေနှင့် ဆွစ်ဇာလန်တို့ ဖြစ်ပါသည်။ 

နယ်စပ် စစ်ဆေးမှု မရှိခြင်း - ရှန်းဂန်နယ်မြေဒေသအတွင်း ရှန်းဂန်နိုင်ငံများအကြား နယ်စပ်များတွင် စစ်ဆေးမှု လုံးဝ မရှိပါ။ ရှန်းဂန်ဗီဇာကိုင်ဆောင်ထားသူတစ်ဦးသည်  ထိုစနစ်တွင် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံ ၂၆နိုင်ငံလုံးအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ရှိပြီး၊ နိုင်ငံတစ်ခုချင်းအတွက် သီးခြားဗီဇာ ရယူရန် မလိုပေ။ 

အကယ်၍ ရှန်းဂန်မဟုတ်သော ဥရောပသမဂ္ဂဝင် နိုင်ငံများ (ဘူလ်ဂေးရီးယား၊ ဆိုက်ပရပ်စ်၊ အိုင်ယာလန်၊ ရိုမေးနီးယား သို့မဟုတ် ယူကေ)သို့ သွားရောက်ပါက သက်ဆိုင်ရာ နိုင်ငံ၏ သံရုံးကို ဆက်သွယ်ရန် လိုအပ်ပါသည်။ 

၂။ ရှန်းဂန်နိုင်ငံတစ်နိုင်ငံသို့ ဝင်ရောက်ရန် ဗီဇာလိုပါသလား။ 

ရှန်းဂန်နိုင်ငံ တစ်နိုင်ငံသို့ ဝင်ရောက်ရရန် ဗီဇာလိုအပ်ခြင်း ရှိမရှိ သိလိုပါက ဥရောပသမဂ္ဂ ပြည်ထဲရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ရုံး ဝက်ဘ်ဆိုဒ် here ဤနေရာတွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။ 

မြန်မာနိုင်ငံသားများသည် ရှန်းဂန်နယ်မြေ၏ ပြည်ပနယ်နိမိတ်ကို ဖြတ်ကျော်သည့်အခါတွင် သက်တမ်းရှိ ဗီဇာတစ်ခု လက်ထဲတွင်ရှိရပါမည်။ 

၃။ ရှန်းဂန်ဗီဇာအမျိုးအစား သုံးမျိုး 

  • ကာလတိုဗီဇာ (C အမျိုးအစား) - တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် အကြိမ်များစွာ သွားရောက်ရန် ထုတ်ပေးသည်။ ဗီဇာသက်တမ်းကာလသည် ကွဲပြား ခြားနားတတ်သည်။ ခြောက်လဟူသော ကာလအတွင်း သုံးလထက် မကျော်သော နေထိုင်မှုများကို ခွင့်ပြုပေးသည်။
  • တစ်ထောက်နားဗီဇာ (Bအမျိုးအစား) - တတိယနိုင်ငံသို့ သွားလာသည့် ခရီးစဉ် တွင် ရှန်းဂန်နိုင်ငံ တစ်နိုင်ငံ သို့မဟုတ် တစ်နိုင်ငံထက်ပို၍ နယ်နိမိတ်များအား ဖြတ်သန်း သွားမည့် သူများသို့ ထုတ်ပေးသည့် ဗီဇာဖြစ်သည်။ ဤဗီဇာကို တစ်ကြိမ်၊ နှစ်ကြိမ် သို့မဟုတ် ထိုသို့သော အထူးအခြေအနေများတွင် သုံး၊ လေးကြိမ် ဖြတ်သန်းသွားလာရန် ခွင့်ပြုပေးပြီး၊ တစ်ကြိမ်တွင် ဖြတ်သန်းသွားလာသည့် ကာလသည် ငါးရက် မကျော်ရပေ။ 
  •   လေဆိပ်တစ်ထောက်နားဗီဇာ (A အမျိုးအစား) - အချို့သော တတိယနိုင်ငံများ အနေဖြင့် အခြားတတိယနိုင်ငံများသို့ လေယာဉ်ဖြင့် သွားသောအခါ ရှန်းဂန်နိုင်ငံ တစ်နိုင်ငံ၏ လေဆိပ်တွင် ခေတ္တ တစ်ထောက်နား၊ ဖြတ်သန်းရသူများအတွက် လိုအပ်သည်။ 

ဥရောပသမဂ္ဂဝင် မဟုတ်သော နိုင်ငံများသည်လည်း တူညီသော ဗီဇာ အမျိုးအစားများ အသုံးပြုကြသည်။ 

၎။ ရှန်းဂန်ဗီဇာကို မည်သည့်နေရာတွင် ရနိုင်ပါသနည်း။ 

သင့်ဒေသအတွင်းရှိ မည်သည့် ရှန်းဂန်နယ်မြေတွင် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံ၏ သံရုံးတွင်မဆို လျှောက်ထားနိုင်ပါသည်။ အကယ်၍ ဥရောပတွင် နိုင်ငံတစ်နိုင်ငံထက်ပို၍ သွားရောက်ရန် စီစဉ်ထားပါက အချိန်အများဆုံးနေမည့် သက်ဆိုင်ရာနိုင်ငံ၏ သံရုံးကို ဆက်သွယ်ရပါမည်။ မသေချာပါက ပထမဆုံး ဆိုက်ရောက်မည့် နိုင်ငံ၏ သံရုံးတွင် ရှန်းဂန် ဗီဇာကို လျှောက်ထားသင့်ပါသည်။ 

၅။ ရှန်းဂန်ဗီဇာကို မည်သို့ လျှောက်ရမည်နည်း။ 

ရှန်းဂန်ဗီဇာလျှောက်ထားရန် လိုအပ်သည့် စာရွက်စာတမ်း၏ စာရင်းအပြည့်အစုံကို here ဤနေရာတွင် ရယူနိုင်ပါသည်။

အထူးသဖြင့် လိုအပ်သည်မှာ -

  • အနည်းဆုံး စာမျက်နှာလွတ် နှစ်မျက်နှာနှင့် သက်တမ်းရှိ နိုင်ငံကူးလက်မှတ် တစ်စောင်နှင့် ထိုနိုင်ငံကူးလက်မှတ် သက်တမ်း ကုန်ဆုံးမည့်ရက်သည် ရှန်းဂန်နိုင်ငံမှ ပြန်လည်ထွက်ခွာရန် စီစဉ်ထားသောရက်နောက်ပိုင်း သုံးလထက် မနည်းစေရ။ 
  • visa application form ဗီဇာလျှောက်ထားသည့် ပုံစံကို ပြည့်စုံစွာ ဖြည့်စွက်ပြီး လက်မှတ် ရေးထိုးရပါမည်။ 
  • conform to ICAO standards ICAO စံနှုန်းများနှင့် ကိုက်ညီသည့် မကြာသေးခင်က ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံ၊
  • မိမိသွားလာရမည့် ခရီး၏ ရည်ရွယ်ချက်၊ တည်းခိုရေးနှင့် သွားရောက်နေထိုင် မည့်ကာလအတွင်း မည်သည့်နည်းလမ်းဖြင့် ကုန်ကျစရိတ် ကျခံသွားမည် ဟူသော အထောက်အထား အမျိုးစုံ။  
  • အရေးပေါ် ဆေးဝါးကုသရေး၊ ဆေးရုံတင်ရေးနှင့် (သေဆုံးခဲ့ပါက)မိမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး အပါအဝင် ခရီးသွား ကျန်းမာရေး အာမခံ တစ်စောင်။ အနည်းဆုံး အာမခံကာကွယ်ပေးမှုသည် ယူရို ၃၀၀၀၀ ဖြစ်ရပါမည်။ 

၆။ မည်မျှ ကုန်ကျပါသနည်း။ 

ပုံမှန် ကာလတိုဗီဇာတစ်ခု၏ ဗီဇာကြေးသည် ယူရို ၆၀ဖြစ်ပါသည်။ သို့ရာတွင် ဤဗီဇာကြေးကို လျှော့ချပေးနိုင်သည့် သို့မဟုတ် ကင်းလွတ်ခွင့်ပေးနိုင်သည့် အခြေအနေများ ရှိပါသည်။ EU နိုင်ငံသားတစ်ဦး၏ မိသားစုဝင်ဖြစ်သော တတိယနိုင်ငံမှ နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ လွတ်လပ်စွာ သွားလာခွင့်ကို ကျင့်သုံးသောကြောင့် ဗီဇာကြေး ပေးရန် လုံးဝ မလိုပါ။ အသက် ၆နှစ်အောက် ကလေးများ၊ ကျောင်းသားများ သို့မဟုတ် ဘွဲ့လွန်ကျောင်းသားများနှင့် ပညာရေးခရီး သို့မဟုတ် ပညာရေးလေ့ကျင့်သင်တန်းများ ရည်ရွယ်ချက်ဖြင့် ခရီးထွက်သော၊ ခရီးထွက်သော အခြေခံပညာ ကျောင်းသူကျောင်းသားများ၊ ဘွဲ့လွန်ကျောင်းသူ ကျောင်းသားများနှင့် အတူလိုက်ပါပေးသည့် ဆရာ၊ ဆရာမများနှင့် အထူးသဖြင့် သိပ္ပံနည်းကျ သုတေသနကို အကောင်အထည် ဖေါ်ဆောင်နေသူ သုတေသန ပညာရှင်များအတွက် ဗီဇာခများကို ကင်းလွတ်ခွင့်ပေးပါသည် (အကြံပြုချက်၂၀၀၅/၇၆၁/EC)။ မိမိတို့ ရွေးချယ်ထားသည့် ဦးတည်နိုင်ငံ၏ သံရုံးတွင် ယခုထက်ပို၍ အသေးစိတ် အချက်အလက်များ ရရှိနိုင်ပါသည်။ 

မြန်မာနိုင်ငံရှိ အီးယူအဖွဲ့ဝင် သံရုံးများနှင့် သံတမန်ရေးရာ အဖွဲ့များ၏ စာရင်းကို here ဤနေရာတွင် ရနိုင်ပါသည်။ 

မကြာခဏ မေးမြန်းတတ်သည့် မေးခွန်းများအတွက် အဖြေများကိုလည်း here ဤနေရာတွင် လေ့လာ နိုင်ပါသည်။ 

ချက်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊

H.E. Mr. Jaroslav DOLECEK  သံအမတ်ကြီး ယာရိုဆလာ့ဗ် ဒိုလက်ဆက်ခ်  

လိပ်စာ - ၁၀၉/B၂ နှင့် အောင်တော်မူလမ်းသွယ်၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - +95 (0) 1 505019, 012306174, 012306175

အီးမေလ်း - yangon@embassy.mzv.cz

http://www.mzv.cz/yangon/en/index.html

ဒိန်းမတ်သံရုံး

H.E. Mr Peter Lysholt HANSEN သံအမတ်ကြီး ပီတာ လီရှော့တ်လ် ဟန်ဆန်၊

လိပ်စာ။ အမှတ် ၃၊ ပြည်လမ်း၊ ခြောက်မိုင်၊ လှိုင်မြို့နယ် ရန်ကုန်။

ဖုန်း - +95 (1) 538 700

http://myanmar.um.dk/

ပြင်သစ်သံရုံး

H.E. Mr. Olivier RICHARD သံအမတ်ကြီး အိုလီဗီယေး ရီရှား  

လိပ်စာ - အမှတ် ၁၀၂၊ ပြည်ထောင်စုရိပ်သာလမ်း၊ ရန်ကုန်မြို့။

ဖုန်း - +95 (0) 1 212178, 212523

http://www.ambafrance-mm.org/

ဂျာမနီသံရုံး

H.E. Mr Christian-Ludwig WEBER LORTSCH သံအမတ်ကြီး ခရစ်ဆီယန် လုဒ်ဗစ်ရှ် ရှန်-လဗစ် ဗီဗာ လော့ရှ်

လိပ်စာ - အမှတ် ၉၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - +95 (0) 1 548951-3

http://www.rangun.diplo.de/

အီတလီသံရုံး

H.E. Pier Giorgio ALIBERTI သံအမတ်ကြီး ပီယဲ  ဂျော်ဂျို  အာလီဘယ်တီ  

လိပ်စာ - အမှတ် ၃၊ အင်းယားမြိုင်လမ်း၊ ရွှေတောင်ကြား၊ ရန်ကုန်မြို့။

ဖုန်း - +95 (0) 1 527100-1, 525375

http://www.ambyangon.esteri.it/ambasciata_yangon

ယူနိုက်တက် ကင်းဒမ်းသံရုံး

H.E. Andrew PATRICK သံအမတ်ကြီး အန်ဒရူး ပက်ထရစ်

လိပ်စာ - အမှတ် ၈၀၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့။

ဖုန်း - +95 (0) 1 256918, 370863/4/5/7

https://www.gov.uk/government/world/organisations/british-embassy-rangoon

နယ်သာလန်သံရုံး

H.E. Wouter JURGENS သံအမတ်ကြီး ဗောက်တာ ယာယွန့်စ်

လိပ်စာ - အမှတ် ၄၃/C၊ အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - +95 (0) 1 230 6046-9

အီးမေးလ် - info@netherlandsmissionyangon.nl

http://myanmar.nlembassy.org/

စပိန်သံရုံး

Charge d'affaires Mr Alberto CEREZO  သံရုံးတာဝန်ခံ အာဘယ်တို ဆေရေဇို

လိပ်စာ - လှည်းတန်းစင်တာ၊ ပြည်လမ်းနှင့် လှည်းတန်းလမ်းထောင့်၊ ဆဌမထပ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - Embassy: +66 2-661.82.84-6

http://www.exteriores.gob.es/Embajadas/BANGKOK/es/tambiensomostuembajadaen/Paginas/Myanmar.aspx

ဖင်လန်သံကိုယ်စားလှယ်အဖွဲ့

Charge d'affaires Mr Jarmo KUUTTILA

သံတမန်အဖွဲ့ သံရုံးတာဝန်ခံ ယာမို ကူးတီးလာ

လိပ်စာ - နော့်ဒစ်နိုင်ငံများအဆောက်အအုံ၊ အမှတ် ၃၊ ပြည်လမ်း၊ ခြောက်မိုင်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - +95 (0) 9 250 271 391

http://www.finland.or.th/public/default.aspx?nodeid=48701&contentlan=2&culture=en-US

ပိုလန်သံကိုယ်စားလှယ်အဖွဲ့

Charge d'affaires Mr Miroslaw ZASADA

သံရုံးတာဝန်ခံ မီရိုဆလာ့ဗ် ဇာဆားဒါ

လိပ်စာ - အမှတ် ၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 95 (0) 230 6235

ဆွီဒင်သံရုံးဌာနခွဲ၊ ရန်ကုန်

Head of Office Mr Johan HALLENBORG ဌာနအကြီးအကဲ ယိုဟန်း ဟာလန်ဘော့ယ်

လိပ်စာ - နော့်ဒစ်နိုင်ငံများ အဆောက်အအုံ၊ အမှတ် ၃၊ ပြည်လမ်း၊ ခြောက်မိုင်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - +95 (0) 1 513 459

http://www.swedenabroad.com/en-GB/Embassies/Bangkok/About-us/Sweden-in-Myanmar-sys/

ကောင်စစ်ဝန်ဆိုင်ရာ အရေးပေါ်ကိစ္စများရှိပါက မြန်မာနိုင်ငံတွင် သံရုံးမရှိသော ဥရောပနိုင်ငံများမှ နိုင်ငံသားများအနေဖြင့် အောက်တွင်ဖေါ်ပြထားသည့် အစီအစဉ်အတိုင်း ဥရောပသမဂ္ဂ သံရုံး လေးရုံးထဲမှ တစ်ရုံးရုံးနှင့် ဆက်သွယ်နိုင်ပါသည် -

  • ပင်သစ်သံရုံး - ဘယ်လ်ဂျီယံ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား နှင့် စပိန်နိုင်ငံများမှ နိုင်ငံသားများ။
  • ဂျာမန်သံရုံး -  သြစထီးယား၊ ဟန်ဂေရီ၊ လူဇင်ဘတ်နှင့် ပိုလန်နိုင်ငံများမှ နိုင်ငံသားများ
  • အီတလီသံရုံး - ဘူလ်ဂေးရီးယား၊ ဂရိနှင့် ဆလိုဗေးနီးယားနိုင်ငံများမှ နိုင်ငံသားများ
  • ဗိတိသျှသံရုံး - ခရိုအေးရှား၊ ဆိုက်ပရက်စ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ အိုင်ယာလန်၊ လတ်ဗီးယား၊ လစ်သူအေးနီးယားနှင့် မော်လ်တာနိုင်ငံများမှ နိုင်ငံသားများ

မြန်မာနိုင်ငံတွင် နေထိုင်နေကြသော ဥရောပသမဂ္ဂမှ နိုင်ငံသားများအား ရန်ကုန်မြို့ရှိ ဥရောပ သံရုံး တစ်ရုံးရုံးတွင် အမည်စာရင်းသွင်း၊ မှတ်ပုံတင်ရန် ဖိတ်ခေါ်အပ်ပါသည်။

Erasmus+ ပညာသင်ဆု

ပညာရေးကို ပံ့ပိုးပေးရန်မှာ ဥရောပသမဂ္ဂအတွက် မြန်မာနိုင်ငံတွင် အဓိက ဦးစားပေးတစ်ရပ်ဖြစ်ပါသည်။ အဆင့်မြင့်ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကမ္ဘာတဝန်းရှိနိုင်ငံများအကြား ခိုင်မာပြီး ရေရှည် တည်တံ့ခိုင်မြဲသော မိတ်ဘက်ဖွဲ့ ဆောင်ရွက်မှုများကို မြှင့်တင်ပေးရန်နှင့် အသိပညာဗဟုသုတများ ဖလှယ်ရန်  မရှိမဖြစ် လိုအပ်ပါသည်။ ထိုနည်းတူစွာ ရေရှည် တည်တံ့ခိုင်မြဲပြီး ပါဝင်မှုရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြောင်းအလဲ ဖြစ်စေမည့် အထောက်အကူနှင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရာတွင် အဓိကကျသော ယန္တရားတစ်ခုလည်း ဖြစ်ပေသည်။

Erasmus+ (Erasmus Plus) ပညာသင်ဆု ဆိုသည်မှာ ယူရို ၁၆.၅ဘီလီယံရှိသော ဥရောပသမဂ္ဂမှ ငွေကြေးပံ့ပိုးပေးသည့် ပညာရေး၊ လေ့ကျင့်သင်ကြားပေးရေး၊ လူငယ်နှင့် အားကစားတို့အတွက် စီမံကိန်းဖြစ်ပြီး  ဖြစ်ကာ အဆင့်မြင့်ပညာရေးကဏ္ဍ တက္ကသိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ (Higher Education Institutions - HEIs)၊ ဥရောပသမဂ္ဂပြင်ပ မိတ်ဘက်နိုင်ငံများမှ ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများအတွက် အခွင့်အလမ်းများ ပံ့ပိုးပေးပါသည်။ Erasmus +ကို ဥရောပသမဂ္ဂ၏ EACEA ရုံးမှ အကောင်အထည် ဖေါ်ဆောင်နေပါသည်။

သင်သည် ဥရောပတွင် ပညာသင်လိုသော ကျောင်းသူကျောင်းသားတစ်ယောက်လား။

ကျောင်းသူကျောင်းသားတစ်ဦးအတွက် ဥရောပတွင် Erasmus + အစီအစဉ်အောက်၌  ပညာသင်ကြားနိုင်သော ပင်မလမ်းကြောင်း နှစ်ခုရှိပါသည် -

ပထမတစ်ခုမှာ Erasmus + ပညာသင်မှု စီမံကိန်းဖြစ်ပြီး၊ Erasmus Mundus Joint Master Degrees (EMJMDs) ပူးတွဲ မဟာဘွဲ့စီမံကိန်းဟုခေါ်ပြီး ဥရောပယဉ်ကျေးမှုများ၊ ဘာသာစကားများ၊ ပညာသင်ကြားရေးစနစ်များအကြောင်းသာမက ဥရောပမှ ပြည်သူများအကြောင်းကိုပါ ဥရောပတိုက်တွင် အကောင်းဆုံးသော တက္ကသိုလ်များတွင်  လေ့လာသင်ယူနိုင်ရန် အခွင့်အလမ်းကို ပံ့ပိုးပေးပါသည်။ ကျောင်းသူကျောင်းသား၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးရုံမျှမက ဤပညာသင်ဆုများသည် လူငယ်တို့၏ ဘဝအတွေ့အကြုံကို ပိုမိုကြွယ်ဝစေရန်နှင့် ပြည်သူလူထုများနှင့် ယဉ်ကျေးမှုများအကြား  အပြန်အလှန်နားလည်မှုနှင့် ပွင့်လင်းရင်းနှီးမှုတို့ကို ဖန်တီးပေးရန် ရည်ရွယ်ပါသည်။ EMJMDs here ဤနေရာတွင် ပညာသင်ဆုများစာရင်း အပြည့်အစုံကို  လေ့လာနိုင်ပါသည်။ ယာယီပေါင်းစည်းထားသော နိုင်ငံတကာ အဖွဲ့အစည်းများအများစုတွင် ရှေ့ပညာသင် နှစ်အတွက် ကျောင်းလျှောက်လွှာများကို အောက်တိုဘာလနှင့် ဇန်နဝါရီလအတွင်း တင်သွင်း ရပါသည်။ ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့ပေးသော ပညာသင်ဆုများတွင် ပညာသင်ကြားရေး စရိတ်များ၊ ခရီးသွားစရိတ်၊ နေထိုင်စားသောက်စရိတ်နှင့် အာမခံတို့ ပါဝင်သည်။

ဒုတိယနည်းလမ်းမှာ Student Credit Mobility ကျောင်းသူကျောင်းသားများ ရွှေ့ပြောင်း သွားလာနိုင်မှု စီမံကိန်းဖြစ်ကာ ယင်းသည် ကျောင်းသူကျောင်းသားများအား မတူသော နိုင်ငံခြားတက္ကသိုလ်တစ်ခုတွင် ၃လမှ ၁၂လအထိ  သွားရောက် ပညာသင်ကြားခွင့်ရစေပြီး ထိုသို့ရလာသည့် အမှတ်များကို ၎င်းတို့၏မိခင်တက္ကသိုလ်မှ အသိအမှတ်ပြုပေးသည်။ စီမံကိန်းတွင် ပါဝင်နိုင်ရန် သင်၏ အဆင့်မြင့် ပညာရေးတက္ကသိုလ် သို့မဟုတ်  ပညာရေးဌာနရှိ နိုင်ငံခြားဆက်ဆံရေးရုံးကို ဆက်သွယ်ပြီး သင့်တက္ကသိုလ် သို့မဟုတ် အဆင့်မြင့်ပညာဌာန သည် Erasmus+ အောက်တွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားခြင်း ရှိမရှိကို မေးမြန်းစုံစမ်းပါ။

မိမိ၏ အသက်မွေးဝမ်းကျောင်းပညာဖွံ့ဖြိုး တိုးတက်မှုအတွက် နိုင်ငံခြားတွင် သွားရောက် သင်ကြား ပို့ချလိုသော သို့မဟုတ် သင်တန်းများ တက်ရောက်လိုသော ဆရာဆရာမတစ်ဦး ဖြစ်ပါသလား။

အကယ်၍ သင့်တက္ကသိုလ် သို့မဟုတ် အဆင့်မြင့်ပညာရေးဌာန (HEI)တွင် ဥရောပမှ မိတ်ဘက်များနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ရှိပါက ၅ရက်မှ၂လအထိ မိတ်ဘက်တက္ကသိုလ်များတွင် သွားရောက်ရန် ထောက်ပံ့ငွေကြေး ပံ့ပိုးမှုအစီအစဉ်ကို လျှောက်ထားနိုင်ပါသည်။ သင်၏ အဆင့်မြင့် ပညာရေးတက္ကသိုလ် သို့မဟုတ်  ပညာရေးဌာနရှိ နိုင်ငံခြားဆက်ဆံရေးရုံးကို ဆက်သွယ်ပြီး သင့်တက္ကသိုလ် သို့မဟုတ် အဆင့်မြင့် ပညာဌာနသည် Erasmus+ အောက်တွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ ညီချက် လက်မှတ်ရေးထိုးထားခြင်း ရှိမရှိကို မေးမြန်းစုံစမ်းပါ။

Erasmus Mundus Joint Master Degrees စီမံကိန်းတွင်  ဧည့်ကထိကများအဖြစ် လုပ်ဆောင်လိုသော ဆရာဆရာမများသည်လည်း သက်ဆိုင်ရာ ယာယီ ပေါင်းစည်းထားသော အဖွဲ့အစည်းများသို့ (link to the EMJMDs ဤနေရာမှ) တိုက်ရိုက် ဆက်သွယ်ခြင်းပြီး လျှောက်ထားနိုင်ပါသည်။

သင်သည် ပါရဂူဘွဲ့စီမံကိန်းတစ်ခုတွင် တက်ရောက်ရန် စိတ်ဝင်စားသော ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသူတစ်ဦး ဖြစ်ပါသလား။

Erasmus Mundus Joint Doctoral programmeအတွက် ဥရောပနှင့် ဥရောပမဟုတ်သော အဆင့်မြင့်ပညာရေး တက္ကသိုလ်များ၊ ဌာနများမှ ယာယီပေါင်းစည်းထားသော အဖွဲ့အစည်းများမှ ပေးသည့်  သုတေသန ထောက်ပံ့ကြေးကို လျှောက်ထားနိုင်ပါသည်။ full list of doctoral programmes here ပါရဂူဘွဲ့ဆိုင်ရာ သင်တန်းအစီအစဉ်များ အပြည့်အစုံကို ဤနေရာတွင် လေ့လာနိုင်ပါသည်။

ပါရဂူဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့လွန် သုတေသနထောက်ပံ့ကြေးများ သို့မဟုတ် အခြားသော သုတေသနဆိုင်ရာ ပံ့ပိုးငွေများကိုလည်း မာရီ စခလိုဒိုးစခါ ကူရီ (Marie Sklodowska-Curie) ခေါင်းစဉ်အောက်တွင် ရရှိနိုင်မည်ဖြစ်ပြီး၊ ထိုရရှိနိုင်သည့်  ပညာသင်ဆုများကို here ဤနေရာတွင် တွေ့ရှိနိုင်ပါသည်။

တက္ကသိုလ်များနှင့် အဆင့်မြင့်ပညာရေးဌာန၊ အဖွဲ့အစည်းများအတွက် Erasmus +

အထက်တွင်ဖေါ်ပြထားသော တစ်ဦးချင်းအတွက် အခွင့်အရေးများအပြင် Erasmus + စီမံကိန်းသည် တက္ကသိုလ်များ၊ အဆင့်မြင့်ပညာရေးဌာနများ(HEIs)အတွက် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကိုလည်း ပံ့ပိုးပေးပါသည်။ ဥပမာ - ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာမများ သွားလာလေ့လာ သင်ယူသင်ကြားရန် အဖွဲ့အစည်းများအကြား သဘောတူညီချက်များကို တက္ကသိုလ်များ၊ အဆင့်မြင့်ပညာရေး ဌာနများ(HEIs)အကြား လက်မှတ်ထိုးရန်နှင့် EMJMDs ပေးအပ်ရန်  ယာယီ ပေါင်းစည်း ထားကြသော အဖွဲ့အစည်းများ တည်ထောင်ရန် လိုအပ်ပါသည်။ စွမ်းဆောင်ရည် တည်ဆောက်ရေး စီမံကိန်းများ၊ အသိပညာဗဟုသုတဆိုင်ရာ မဟာမိတ်အဖွဲ့များ၊ ကဏ္ဍ အလိုက် စွမ်းရည်များဆိုင်ရာ မဟာမိတ်အဖွဲ့များ၊ မဟာဗျူဟာမြောက် မိတ်ဘက် အဖွဲ့အစည်း များ ဖွဲ့စည်းဆောင်ရွက်ခြင်းတို့သည်လည်း တက္ကသိုလ်များ၊ အဆင့်မြင့်ပညာရေး ဌာနအဖွဲ့ အစည်းများအတွက် အခွင့်အလမ်းများလည်း ရှိနေပါသည်။ ဤအခွင့်အလမ်းများ အားလုံးကို  Erasmus + အစီအစဉ်မှ အဆိုပြုလွှာများခေါ်သည့်အခါတွင် လျှောက်ထား နိုင်ပါသည်။

Erasmus +  စီမံကိန်း ယေဘုယျအားဖြင့် အဆိုပြုလွှာများ ခေါ်ယူခြင်း

Erasmus +စီမံကိန်းလမ်းညွှန်ကို he Erasmus + Programme Guide to read ဤနေရာမှာ ရယူပြီး၊ အဆိုပြုလွှာ၏ ဦးစားပေး အချက်အလက် များနှင့် လျှောက်လွှာတင်သွင်းရန် လမ်းညွှန်ချက်များကို လေ့လာနိုင်ပါသည်။ နောက်ထပ် အဆိုပြုလွှာ ခေါ်သည့်အခါတွင် ပါလာမည့် ငွေကြေးပံ့ပိုးပေးမည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ နောက်ဆုံး အချက်အလက်များကို အမြဲရယူနိုင်ရန် EACEA website  ဝဘ်ဆိုဒ်သို့ သွားရောက်၍ သော်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပကိုယ်စားလှယ် အဖွဲ့၏ ဖေ့စ်ဘုတ် စာမျက်နှာတွင်လည်းကောင်း သွားရောက်ကြည့်ရှုနိုင်ပါသည်။

လျှောက်လွှာများတင်သွင်းရန်အတွက် နောက်ဆုံး လျှောက်လွှာတင်ရန် သတ်မှတ်သည့် ရက်များအပါအဝင် အခြားသော အချက်အလက်များ သိလိုပါက အဆိုပြုလွှာခေါ်သည့် ဝဘ်ဆိုဒ်ကို website of the Call here  ဤနေရာတွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။

ယခုထက်ပိုသော အချက်အလက်များကို မည်သည့်နေရာတွင် ရနိုင်မည်နည်း။

ဥရောပကော်မရှင် သို့မဟုတ် ဥရောပသမဂ္ဂသံရုံးသို့ မဆက်သွယ်မီ of Frequently Asked Questions (FAQ) မကြာခဏ မေးလေ့မေးထရှိသော မေးခွန်းများ စာရင်းအပြည့်အစုံကို ဖတ်ရန် ခိုင်မာစွာ အကြံပြုလိုပါသည်။ သင် သိလိုသော မေးခွန်းများအတွက် အဖြေကို ထိုနေရာတွင် တွေ့နိုင်ခြေ အလွန်များပါသည်။

Erasmus ပညာသင်ဆု စီမံကိန်းဖြင့် ပညာသင်ကြားခဲ့ဖူးသော ကျောင်းသူ၊ ကျောင်းသားဟောင်းများအကြောင်း  ပို၍ သိလိုပါက Erasmus Mundus ကျောင်းသူ ကျောင်းသားများနှင့် ကျောင်းသူ ကျောင်းသားဟောင်းများအသင်း at: www.em-a.eu ဝဘ်ဆိုဒ်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။

အထက်ဖော်ပြပါ ဝဘ်ဆိုဒ်တွင် ပေးမထားသော သတင်းအချက်အလက်အကြောင်း ရလိုပါက DELEGATION-MYANMAR-OPERATIONS@eeas.europa.eu သို့ အီးမေးလ်ပို့၍ စုံစမ်း မေးမြန်းနိုင်ပါသည်။

အဆင့်မြင့်ပညာရေး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် "Erasmus+ for Higher Education Students and Staff. Frequently Asked Questionsခေါ် Erasmus + စီမံကိန်း မကြာခဏမေးမြန်းလေ့ရှိသော မေးခွန်းများ ဟူသည့် စာတမ်းငယ်မှာ မကြာခဏ မေးမြန်းလေ့ ရှိသော မေးခွန်းများထဲမှ ထုတ်နှုတ်ထားသည်များ ဖြစ်ပါသည်။

“မိတ်ဘက်နိုင်ငံ”နှင့် “တတိယနိုင်ငံ နိုင်ငံသား”ဆိုသည်မှာ မည်သည်ကို ဆိုလိုပါသလဲ။

ဥရောပသမဂ္ဂအတွက် မြန်မာနိုင်ငံသည် “မိတ်ဘက်နိုင်ငံ”တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံသား များသည်လည်း “တတိယနိုင်ငံ နိုင်ငံသားများ”စာရင်းသို့ ဝင်ပါသည်။ သို့ဖြစ်ပါ၍ Erasmus + စီမံကိန်းအရ ပညာသင်ဆု လျှောက်ထားရန် အကျုံးဝင်ပါသည်။

Erasmus + စီမံကိန်းဖြင့် နိုင်ငံခြားတွင် ပညာသင်ကြားရန် သို့မဟုတ် လက်တွေ့သင်တန်း ဆင်းရန် ကျွန်ုပ် အကျုံးဝင်မှု ရှိ/မရှိ မည်သို့ သိနိုင်မလဲ။

နိုင်ငံခြားတွင် သွားရောက်၍ ပညာသင်ကြားရန် သို့မဟုတ် လက်တွေ့သင်တန်းသွားဆင်းရန်  သင်သည် တက္ကသိုလ် သို့မဟုတ် အဆင့်မြင့်ပညာရေးဌာနတစ်ခုတွင် ကျောင်းသားအဖြစ် မှတ်ပုံတင် ထားသူဖြစ်ပြီး၊ သာမန်ဘွဲ့၊ မဟာဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့ စသဖြင့် အသိအမှတ်ပြုထားသည့် ဘွဲ့ သို့မဟုတ် အသိအမှတ်ပြုထားသည့် တတိယအဆင့်/ အဆင့်မြင့်ပညာအရည်အချင်း အပ်နှင်းမည့် သင်တန်းအစီအစဉ် တစ်ခုခုတွင် တက်ရောက်နေသူ ဖြစ်ရပါမည်။ သင့်တက္ကသိုလ် သို့မဟုတ် အဆင့်မြင့်ပညာရေးဌာန၊  အဖွဲ့အစည်းသည်လည်း Erasmus+၏ တက္ကသိုလ် သို့မဟုတ် အဆင့်မြင့် ပညာရေးများအတွက် လှုပ်ရှား ပြောင်းရွှေ့သင်ကြားနိုင်သည့် စီမံကိန်းတွင် ပါဝင်နေသော နိုင်ငံများထဲမှ တစ်နိုင်ငံတွင် တည်ရှိရပါမည်။ Erasmus+ အစီအစဉ်ဖြင့် နိုင်ငံခြားသို့ သွားရောက်၍ ပညာသင်ကြားရန် သို့မဟုတ် လက်တွေ့သင်တန်းတက်ရောက်ရန် ရွေးချယ်သည့် စံသတ်မှတ်ချက်များကို သင်၏ တက္ကသိုလ် သို့မဟုတ် အဆင့်မြင့် ပညာရေးဌာနမှ သတ်မှတ်ပါမည်။

Student Credit Mobility ခေါ် ကျောင်းသားများအတွက် သွားရောက် သင်ယူခြင်းဖြင့် အမှတ်ပေးသည့် စီမံကိန်း အစီအစဉ်တွင် ပါဝင်သည့် နိုင်ငံမဟုတ်လျှင် သို့မဟုတ် ပါဝင်သည့် တက္ကသိုလ် တစ်ခုခုနှင့် သဘောတူညီထားချက် ကျွန်ုပ်တို့တက္ကသိုလ်တွင် မရှိလျှင် အခြား မည်သည့် ရွေးချယ်စရာများ ရှိပါသလဲ။

တက္ကသိုလ်နှစ်ခုအကြား အပြန်အလှန် တက္ကသိုလ်ချင်းသဘောတူညီချက် မရှိပါက အမှတ်ကို ရရန် အကျုံးမဝင်ပေ။ သို့ရာတွင် အခြားသော Erasmus+ ပညာသင်ဆုစီမံကိန်းအောက်တွင် Erasmus Mundus Joint Master Degrees နှင့် Joint Doctorates တို့ကဲ့သို့သော အခြား နိုင်ငံတကာ ပညာသင်ကြားခွင့်များလည်း ရှိပါသေးသည်။

Student Credit Mobility အရ ပညာသင်ဆုသည် ဘယ်လောက် တန်ဖိုးရှိပါသလဲ။

မိတ်ဘက်နိုင်ငံများမှ ကျောင်းသူကျောင်းသားများနှင့် ပါရဂူဘွဲ့တက်ရောက်နေသော ကျောင်းသူကျောင်းသားများအနေဖြင့် သွားရောက်နေထိုင်သည့် စီမံကိန်းနိုင်ငံအတွင်း နေထိုင်မှု ကုန်ကျစရိတ်အပေါ် မူတည်၍ ယူရို ၇၅၀မှ ယူရို ၈၅၀အထိ ရနိုင်ပါသည်။ မိတ်ဘက် နိုင်ငံများမှ လာသော ဆရာ၊ ဆရာမများအနေဖြင့် ၎င်းတို့၏ ကုန်ကျစရိတ်များကို နေ့စဉ် ပံ့ပိုးပေးသည့်အနေဖြင့် ယူရို၁၀၀မှ ၁၆၀အထိ ရနိုင်ပါသည်။ ပညာသင်ဆုရသူတိုင်းသည် မိမိနိုင်ငံမှ လက်ခံမည့် တက္ကသိုလ်အထိ အကွာအဝေးအပေါ် မူတည်၍လည်း ခရီးစရိတ် ပံ့ပိုးမှု ရနိုင်ပါသည်။

သတင်းမီဒီယာများမှ စုံစမ်းမေးမြန်းလိုပါက နိုင်ငံရေး၊ သတင်းနှင့် ပြန်ကြားရေး ဌာနသို့ ဆက်သွယ်ပေးပါရန်

အီးမေးလ်  - DELEGATION-MYANMAR-PRESS-AND-INFORMATION@eeas.europa.eu

ဖုန်းနံပါတ် - +95 (0)1 230 56 – 43~50

သတင်းမီဒီယာများမှ အင်္ဂလိပ်စကားဖြင့် စုံစမ်းမေးမြန်းလိုပါက ဥရောပသမဂ္ဂ သံရုံး၏ သတင်းဆိုင်ရာ ဆက်သွယ်ရမည့်သူထံ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဇားလ် (သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ အကြံပေးအရာရှိ

valerie.zirl@eeas.europa.eu

တယ်လီဖုန်း - +95 (0)1 230 56 – 43~50

မိုဘိုင်း  - +95 (0)92 6114 9098

သတင်းမီဒီယာများမှ မြန်မာစကားဖြင့် စုံစမ်းမေးမြန်းလိုပါက ကျေးဇူးပြု၍ အောက်ပါအတိုင်း ဆက်သွယ်ပါ။

အောင်အောင် (နိုင်ငံရေးအရာရှိ)

aung.aung.@eeas.europa.eu

တယ်လီဖုန်း - +95 (0)1 230 56 – 43~50

မိုဘိုင်း  - 95 (0)94 2501 4281

သတင်းမီဒီယာ ဖြန့်ချီမှုစာရင်း - အကယ်၍ ဥရောပသမဂ္ဂမှ သတင်းထုတ်ပြန် ကြေညာချက်များ၊ သတင်းစာစောင်များနှင့် သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားလွှာများကို လက်ခံ ရရှိလိုပါက ဤလိပ်စာ email to DELEGATION-MYANMAR-PRESS-AND-INFORMATION@eeas.europa.eu သို့ အီးမေးလ်ပို့၍ စာရင်းသွင်းပါရန် မေတ္တာရပ်ခံပါသည်။ ထိုအီးမေးလ်ထဲတွင် သင့်အမည်၊ သင့်သတင်း စာနယ်ဇင်း၊ မီဒီယာအမည်နှင့် ရာထူး၊ (အကယ်၍ သတင်းမီဒီယာဌာန မရှိပါက အလွတ်တန်း သတင်းထောက်ဟုလည်း) ဖေါ်ပြပေးပါရန်။

Languages:
Editorial Sections: