ဥရောပသမဂ္ဂ (အီးယူ) မှ ကိုဗစ်-၁၉ ၏ သက်ရောက်မှုဒဏ် ကြုံတွေ့ခဲ့ရသည့် မြန်မာ အထည်ချုပ်လုပ်သားများအတွက် အရေးပေါ်ငွေသား ရန်ပုံငွေအဖြစ် ယူရို ၅ သန်း (မြန်မာ ကျပ်ငွေ ၇.၉ ဘီလီယံ) ပံ့ပိုးပေးသွားမည်

08.04.2020

ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုဒဏ်ကြောင့် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်သား ၂၅,၀၀၀ သည် ၎င်းတို့၏ အလုပ်အကိုင်များကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ ယခု အခက်အခဲကာလအတွင်း ဤသို့ ကြုံတွေ့ခံစားခဲ့ရသည့် အလုပ်အကိုင်ဆုံးရှုံးခဲ့သည့် အထည်ချုပ်လုပ်သားများကို ငွေသားဖြင့် တိုက်ရိုက်ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ပြီး ဥရောပသမဂ္ဂ (အီးယူ) သည် မြန်ကူ (Myan Ku) အမည်ရှိ အရေးပေါ်ငွေသားရန်ပုံငွေကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။

ဥရောပသမဂ္ဂ (အီးယူ) သည် ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုဒဏ်ကြောင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြရသည့် မြန်မာနိုင်ငံမှ ထောင်ပေါင်းများစွာသော အထည်ချုပ် လုပ်သားများအတွက် တဖက်တလမ်းမှ ကူညီပံ့ပိုးပေးနိုင်ရန် မြန်ကူ (Myan Ku) အမည်ရှိ အရေးပေါ်ငွေသား ရန်ပုံငွေ အဖြစ် ယူရို ၅ သန်း (မြန်မာကျပ်ငွေ ၈ ဘီလီယံ ဝန်းကျင်) ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်သည်။

ယခင်က တဟုန်ထိုးတိုးတက်လျက်ရှိသည့် မြန်မာ့အထည်ချုပ်လုပ်ငန်းသည် ကိုဗစ်-၁၉ ကြောင် စီးပွားရေး အပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိခဲ့ပြီး မတ်လနှောင်းပိုင်းတွင်  စက်ရုံပေါင်း (၄၀) ကျော်မှ လုပ်သားပေါင်း (၂၅,၀၀၀) ကျော်တို့သည် အလုပ်လက်မဲ့ဖြစ်ခဲ့ကြရသည်။ ခန့်မှန်းခြေ အမျိုးသမီး လုပ်သားပေါင်း (၇) သိန်း (၇၀၀,၀၀၀) ဖြင့် လည်ပတ်လုပ်ကိုင်နေသည့် မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် လုပ်သားပေါင်း (၃) သိန်းခွဲ (၃၅၀,၀၀၀) သည် လက်ရှိ တွင် လစာမဲ့ဆိုင်းငံ့ခံရခြင်း သို့မဟုတ် အလုပ်အကိုင်များကို ရပ်စဲခံရခြင်း စသည့် ထိခိုက်နစ်နာမှုများကို ရင်ဆိုင်ကြုံ တွေ့လျက်ရှိသည်။

“မြန်မာနိုင်ငံတစ်ဝှမ်းမှာ အထည်ချုပ်စက်ရုံပေါင်း (၆၀၀) နီးပါး ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက စက်ရုံပိတ်မှု တွေနဲ့ ထောင်၊ သောင်းပေါင်းများစွာသော လုပ်သားများ အလုပ်လက်မဲ့ဖြစ်မှုတွေကို အများအပြား တွေ့နေရပါတယ်။ ဒီလိုအခြေအနေမျိုးကို ဧပြီလမှာပါ ဆက်မြင်ရနိုင်တယ်လို့ ကျွန်မတို့ ယူဆရပါတယ်။ အခုလို အခက်အခဲ၊ စိန်ခေါ်မှု တွေကို ရင်ဆိုင်နေရတဲ့အချိန်မှာ မြန်ကူ (Myan Ku) အရေးပေါ် ငွေသား ရန်ပုံငွေက ထိခိုက်နစ်နာခဲ့ရတဲ့ အလုပ်လက်မဲ့ ထောင်၊ သောင်းပေါင်းများစွာသော လုပ်သားတွေနဲ့ သူတို့မိ သားစုတွေကို အဓိက ပံ့ပိုးကယ်တင်ပေးနိုင်မယ့် အထောက်အပံ့ကောင်နည်းလမ်းတစ်ခုဖြစ်လာပါတယ်”ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေ ထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ ပြောကြားခဲ့ သည်။

 ဤမြန်ကူ (Myan Ku) ရန်ပုံငွေမှ ငွေသားအကူအညီများကို နိုင်ငံသားပိုင်၊ အကျိုးတူပိုင် သို့မဟုတ် နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ရင်း အလုပ်လက်မဲ့ကြုံခဲ့ရသည့် လုပ်သားများထံ တိုက်ရိုက်လွှဲပြောင်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ မြန်ကူ (Myan Ku) သည် မြန်မာဘာသာစကားအရ မြန်ဆန်စွာ အကူအညီ အထောက်အပံ့ပေးခြင်းဟု အဓိပ္ပာယ်ရသည်။

အဆိုပါ ငွေသားအထောက်အပံ့ကို (၁) လက်ရှိအခြေအနေကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့် (သို့မဟုတ်) ၎င်းတို့ နေထိုင်ရာနေရာများမှ နှင်ထုတ်ခံခဲ့ရသည့် လုပ်သားများ၊ (၂) လုပ်ငန်းရှင်နှင့် လုပ်သားများအကြား ချုပ်ဆိုထားသည့် စာချုပ်များ တရားမဝင် ရပ်စဲရုပ်သိမ်းခံရခြင်းအပြင် အကျိုးအကြောင်းဆီလျော်မှုမရှိသည့် ညွှန်ကြားချက်များကို ကြုံတွေ့ခံစားခဲ့ရသည့် လုပ်သားများနှင့် (၃) လုပ်သားများကို ဆက်လက်လုပ်ကိုင်ခွင့် ပေးရန်နှင့် အနည်းဆုံး သင့်တော် သည့် အထောက်အပံ့များကိုလည်း ၎င်းတို့အတွက် ပံ့ပိုးပေးရန် သဘောတူ ညီထားသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) များမှ လုပ်သားများ စသည်တို့ထံ ဝေ့မန်းနီး (Wave Money) ဝန်ဆောင်မှုမှတဆင့် လွှဲပြောင်းပံ့ပိုးပေးသွားမည် ဖြစ်သည်။ ပံ့ပိုးကူညီမှု ရရှိမည့် သူများကို အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် တိုင်ပင်ဆွေးနွေးမှုများမှတဆင့်  စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) သံအမတ်ကြီး H.E မစ္စတာ Kristian Schmidt မှ “ မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရဲ့ ၇၀ ရာခိုင်နှုန်းက ဥရောပဒေသကို တင်ပို့နေတဲ့အပြင် နိုင်ငံတဝှမ်းက အမျိုးသမီးတွေ အတွက် အလုပ် အကိုင်အခွင့်အလမ်းပေါင်း ၄ သိန်းခွဲ (၄၅၀,၀၀၀) ကို ဖန်တီးပေးနေတာပါ။ ဒါဟာ ဥရောပသမဂ္ဂနိုင်ငံတွေဆီ ချုပ်လုပ် တင်ပို့နေတဲ့ ပို့ကုန်အထည်တွေက တကယ့်ကို နက်ရှိုင်းကျယ်ပြန့်တဲ့ အောင်မြင်မှုရဲ့ ပြယုဂ်တစ်ခုပါပဲ။ ဥရောပစျေး ကွက်ကို ၂၀၁၁ ခုနှစ်မှာ ပြန်ဖွင့်ပေးခဲ့တဲ့အတွက် အထည်ချုပ်လုပ်ငန်းက မြန်မာနိုင်ငံတဝှမ်းက သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ဘဝတွေ တိုးတက်လာအောင်လည်း တဖက်တလမ်းက ကူညီခဲ့သလို အလုပ်သမားဆိုင်ရာ အခွင့်အရေး တွေ ကျယ်ပြန့်လာအောင်၊ သဘာဝပတ်ဝန်းကျင်နဲ့အညီ စံချိန်စံညွှန်းတွေကို ပိုမိုမြှင့်တင်နိုင်အောင်၊ ဒါ့အပြင် မြန်မာနိုင် ငံတွင်း အခြေခံအုတ်မြစ်ခိုင်မာတဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ဝန်းကျင်တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်တာ စတဲ့အခန်းကဏ္ဍတွေမှာ သိသာထင်ရှားတဲ့ တွန်းအားတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။

“အခုလို စက်ရုံတွေ ပိတ်သိမ်းတာအပြင် ထောင်သောင်းချီတဲ့၊ ငယ်ရွယ်တဲ့ အမျိုးသမီး အထည်ချုပ်လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်သွားကြတာကို မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့အတွက်လည်း အင်မတန် ဝမ်းနည်းမိပါတယ်။ ဒီလို ထိခိုက်နစ်နာခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပံ့ပိုးကူညီနိုင်ဖို့လည်း ချက်ချင်းဆောင်ရွက်ဖို့လိုပါတယ်”

ကိုဗစ်-၁၉ အခက်အခဲသည် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်သွားစေခြင်း၊ ကမ္ဘာတဝှမ်း တင်ပို့မှုများကို ဆိုင်းငံ့လိုက်ရ ခြင်းနှင့် အထည်ချုပ်လုပ်ငန်းခွင်အတွင်း ရောဂါကူးစက်နိုင်သည့် အန္တရာယ်စသည့် အခြေအနေများဖြင့် ကမ္ဘာ့တဝှမ်းရှိ အထည်ချုပ်လုပ်ငန်းလည်ပတ်မှုကို အတားအစီးအနှောင့်အယှက် ဖြစ်စေခဲ့သည်။

“မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နဲ့ မြန်မာနိုင်ငံက လုပ်သားအင်အားတွေက ဒီလို မြန်ဆန်တဲ့ နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်နဲ့အတူ ဥရောပသမဂ္ဂ (အီးယူ)ရဲ့ ဒီ မြန်ကူ (Myan Ku) လုပ်ဆောင်ချက်ကနေ ခိုင်မာထိရောက်တဲ့ ပံ့ပိုးမှုတွေအပေါ် အများကြီး အားရကျေနပ်မိပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အကြီး အကဲတွေကလည်း ဒီအခြေအနေကို ကာကွယ်၊ ဟန့်တားနိုင်မယ့် လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ လမ်းညွှန်ချက်တွေ၊ လုပ်ဆောင်ချက်တွေကိုလည်း ပံ့ပိုးလုပ်ဆောင်ပေးလျက်ရှိတဲ့အပြင် ပြည်သူတွေကလည်း ဒီလိုပံ့ပိုးမှုအပေါ် တုံ့ပြန် ပါဝင်လာတာတွေလည်း ရှိပါတယ်။ ဒီလို ကာကွယ်တားဆီးနိုင်မယ့် လုပ်ငန်းစဉ်တွေကို ပြည်တွင်းမှာလည်း ကျင့်သုံး နေတဲ့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီပံ့ပိုးမှုတွေနဲ့အတူ မြန်မာနိုင်ငံဟာ ဒီကူးစက်ကပ်ရောဂါနဲ့ သူ့ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို အောင်အောင် မြင်မြင် ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (the Confederation of Trade Unions Myanmar - CTUM) ၏ ဥက္ကဌ ဦးမောင်မောင်က​ မှတ်ချက်ပေး ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (Centre for Economic and Social Development - CESD) ၏ အလုပ်အမှုဆောင်ဒါရိုက်တာ ဒေါက်တာဇော်ဦးမှ “မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုး တက်ရေး အဖွဲ့အစည်း  (CESD) ကလည်း လုပ်ငန်းလည်ပတ်မှုမှာ အဖက်ဖက်က ကြုံတွေ့လာရတဲ့ အတားအဆီး အနှောင့် အယှက်တွေရဲ့ အကျိုးသက်ရောက်မှုတွေမတိုင်ခင် ဥရောပသမဂ္ဂ (အီးယူ) ကနေ မြန်မာအထည်ချုပ်လုပ်ငန်းကဏ္ဍကို အခုလို မြန်ဆန်ကောင်းမွန်တဲ့ ပံ့ပိုးမှုပေးတဲ့အတွက်လည်း တကယ့်ကို ကျေးဇူး တင်ရှိပါတယ်။ တဆင့်ခံသွယ် ဝိုက်စုပေါင်းပြီး ဖြစ်လာတတ်တဲ့ အကျိုးဆက် (knock-on effect) ကနေ အထည်ချုပ်အော်ဒါတွေကို ဖျက်သိမ်းတဲ့ အခြေအနေတွေလည်း ရှိလာနိုင်ပါတယ်။ မြန်မာ့လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း (CESD) ကနေ အထည် ချုပ်လုပ်ငန်းအပေါ်  လျင်လျင်မြန်မြန် စီစစ်သုံးသပ်လိုက်တဲ့အခါ စက်ရုံတွေထဲက (၄၀) ရာခိုင်နှုန်းဟာ ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရပြီး သုံးပုံတစ်ပုံက ဥရောပသမဂ္ဂ (အီးယူ) စျေးကွက်ပေါ် မှီခိုနေရတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါ့ကြောင့် ဒီလို ပံ့ပိုးကူညီမှုက လုပ်သားတွေ ခံစားနေရတဲ့ အကျိုးသက်ရောက်မှုကို တဖက် တလမ်းကနေ ပြေလျော့စေနိုင်မယ့်အပြင် ဒီကမ္ဘာ့ကူးစက်ရောဂါကို တွန်းလှန်နိုင်ရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ လုပ်သားစတဲ့ သုံးပွင့်ဆိုင် တာဝန်ရှိသူတွေအကြား အထောက်အပံ့ကောင်းတစ်ခုအဖြစ် ရပ်တည်ပေးနိုင်မှာပါ။ ဒီလို ကူညီမှုကလည်း CMP စနစ်နဲ့ လုပ်ဆောင်နေတဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍအတွက် လူမှုရေးရာ ကာကွယ်ပေးရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် ရေရှည်မဟာဗျုဟာတွေကို ချမှတ်ကျင့်သုံးနိုင်ဖို့ ကူညီပေးရာ ရောက်ပါတယ်။” ဟု ပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်ကူ (Myan Ku) အရေးပေါ် ငွေသားရန်ပုံငွေအဖြစ် ယူရို (၅) သန်းသည် United Nations Office for Project Services (UNOPS) မှ စီမံခန့်ခွဲသည့် လူသားချင်းစာနာမှုဆိုင်ရာဖွံ့ဖြိုး တိုးတက်မှု Peace Nexus Response Mechanism (NRM) မှတဆင့် ရယူခြင်းဖြစ်သည်။  ဝေ့မန်းနီး (Wave Money) ၏ ပူးပေါင်းဆောင်ရွက် မှုနှင့်အတူ မြန်ကူ (Myan Ku) စီမံကိန်းကို မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍအတွင်း လူမှုအကျိုးပြုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်သိမှုများနှင့် ထုတ်လုပ်မှု စံချိန်စံညွှန်းများကို အားကောင်းလာစေရန် ထင်ရှားစွာ ရပ်တည်လုပ်ဆောင်လျက်ရှိသည့်၊ ဥရောသမဂ္ဂ၏ SMART Textile & Garments စီမံကိန်းက တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်သည်။

လက်ရှိတွင် မြန်ကူ (Myan Ku) စီမံကိန်းအဖွဲ့တွင် အစိုးရမှ တာဝန်ရှိသူများ၊ လူထု မိတ်ဖက်လုပ်ငန်းများနှင့် လုပ်ငန်း ကိုယ်စားပြု ထုတ်ကုန်တံဆိပ်များပါဝင်ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) တို့နှင့်လည်း ရင်းရင်းနှီးနှီး ပူးတွဲဆောင်ရွက်လျက်ရှိပါသည်။

မီဒီယာများ ဆက်သွယ်ရန်

ကြူကြူသင်း
RICE Communications – Myanmar
+95 9 425 294 606
mmrteam@ricecomms.com