Delegation of the European Union to the Lao PDR
Subscribe to this RSS Feed
လွန်ခဲ့သော ရက်သတ္တပတ်က Aceh မြောက်ပိုင်းကမ်းရိုးတန်းတွင် သောင်တင်နေသည့် အမျိုးသမီးများနှင့် ကလေးငယ်များ အများစုပါဝင်သော ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါးကို ဘေးကင်းစွာ ကမ်းတက်ခွင့်ပေးရန် နှင့် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့နှင့် အကာအကွယ်များ ပေးအပ်ရန် အင်ဒိုနီးရှားနိုင်ငံ၏ ဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂမှ လှိုက်လှဲစွာကြိုဆိုပါသည်။
မေလ၉ရက်နေ့တွင် ကျွန်ုပ်တို့ ဥရောပနေ့ကို ဂုဏ်ပြုကြိုဆိုကြပါသည်။ Schuman ကြေညာချက် နှစ် ၇၀ပြည့် အထိမ်းအမှတ်သည် ဥရောပနိုင်ငံများပေါင်းစည်းရသည့် ရည်ရွယ်ချက်နှင့် ကမ္ဘာ့အလယ်တွင် အီးယူ၏ အခန်းကဏ္ဍမည်သို့ရှိသည်ကို ပြန်လည်သုံးသပ်နိုင်ရန် အခွင့်ကောင်းတစ်ခုပင်ဖြစ်သည်။ ကျွန်ုပ်အနေနှင့် ဥရောပအား အတွေးအခေါ်အယူအဆအနေနှင့်သာမက နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုအရပါ အဘယ်ကြောင့် ကာကွယ်သင့်သည်ဆိုသည်ကို ပုဂ္ဂိုလ်ရေးအမြင်ရှုထောင့်သက်သက်ဖြင့် ဤ ဘလော့ဂ်ပို့စ်မှ တစ်ဆင့် တင်ပြလိုပါသည်။
ဥရောပသမဂ္ဂသည် ကမ္ဘာတစ်ဝန်းရှိ ၎င်း၏မိတ်ဖက်နိုင်ငံများအား ကူညီပံ့ပိုးပေးရေး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် အာဆီယံဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေမှုကို ခုခံကာကွယ်တားဆီးနိုင်ရန်နှင့် ထိုကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြောင့် ထိခိုက်မှုများကို လျှော့ချနိုင်ရန်အတွက် ယူရိုငွေ သန်း ၃၅၀ ကို ထောက်ပံ့မည်ဖြစ်ပါသည်။
အမျိုးသားများနှင့် အမျိုးသမီးများကြားတန်းတူညီမျှမှုမှာ ဥရောပသမဂ္ဂ၏သဘောတူညီချက်များတွင် ထည့်သွင်း မြှုပ်နှံထားသည့် အခြေခံတန်ဖိုးများထဲမှတစ်ခုဖြစ်ပါသည်။ ကျွန်ပ်တို့၏သမဂ္ဂမှာ ကျား/မအခြေပြုခွဲခြားဆက်ဆံ မှုများကိုဖြေရှင်းကိုင်တွယ်ရာတွင် ရှေ့ဆောင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ရရှိအောင်မြင်လိုက်သည့်တိုးတက်မှုအတွက် ကျွန်ပ်တို့ ဂုဏ်ယူမိပါသည်။ဥရောပသည် ကမ္ဘာပေါ်ရှိအမျိုးသမီးများအတွက် လုံခြုံမှုအရှိဆုံးနှင့် သာတူညီမျှမှု အဖြစ်ဆုံးနေရာတစ်ခုဖြစ်ပါသည်။
ဥရောပ၌ နာကျင်ဖွယ်ရာကောင်းသော သွေးကွဲမှုများနှင့် ဥရောပနိုင်ငံများစွာတို့တွင် ကျူးကျော်သိမ်းပိုက်မှုများ၊ ပျက်စီးထိခိုက်မှုများစွာဖြစ်ပေါ်စေခဲ့သည့် ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် ၁၉၄၈ ခုနှစ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လူ့အခွင့်အရေးများကို ဖော်ထုတ်သတ်မှတ်ကာ မြှင့်တင် ကာကွယ်စောင့် ရှောက်သွားဖို့ သံန္နိဌာန်ပြုခဲ့ကြပါသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ဆိုလျှင် ကျွန်ပ်တို့ကျင်းပကြသည့်အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေး ကြေညာစာတမ်းမှာ ဘုံတူညီမှုရှိသော ဤလူ့အခွင့်အရေးဆိုင်ရာ မူများကို မြှုပ်နှံထားခဲ့ပြီး ၎င်းတို့မှာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာလွှမ်းမိုးမှုရှိခဲ့ပါသည်။ သို့သော် နှစ်ပေါင်းခုနှစ်ဆယ်နီးပါး ကုန်ဆုံးခဲ့ပြီဖြစ် သော်လည်း ကမ္ဘာတစ်ဝှမ်းတွင် လူ့အခွင့်အရေးများကို ကာကွယ်စောင့် ရှောက်သွားမည်ဆိုသည့် အထက်ပါ ကတိကဝတ်များကို ယနေ့အချိန်ထိ ပြည့်ဝစွာလိုက်နာဖို့ ကျွန်ပ်တို့ဝေးကွာနေဆဲပင်ဖြစ်ပြီး ထိုသို့လိုက်နာနိုင်ဖို့ နိုင်ငံအားလုံးတို့အနေဖြင့် ထပ်မံကြိုးစားကြရမည်ဖြစ်ကြောင်း ကျွန်ပ်တို့အနေဖြင့် အသိအမှတ်ပြုလိုက်ပါသည်။
နိဝင်ဘာလ ၂၀ ရက်နေ့နှင့် ၂၁ရက်နေ့တို့၌ မြန်မာနိင်ငံနေပြည်တော်မြို့တွင် ၁၃ကြိမ်မြောက် ASEM နိင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးသို့ အာရှနှင့်ဥရောပတို့မှ နိင်ငံခြား ရေးဝန်ကြီးများတက်ရောက်ရန် စုဝေးရောက်ရှိ ကြမည်ဖြစ်ပြီး အီးယူအဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini မှာလည်းဥရောပအဖွဲ့၏ညှိုနှိုင်းရေးမှုးအ ဖြစ်ပါဝင်တက်ရောက်မည်
သတင်းသမားတို့အပေါ်ကျူးလွန်သော ပြစ်မှုများအတွက် အပြစ်ပေးမခံရဘဲကင်းလွတ်နေမှုကို အဆုံးသတ်စေ ရေးအပြည်ပြည်ဆိုင်ရာနေ့တွင် မိမိတို့အပေါ်ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုနှင့် သေဆုံးနိင်သည့်အန္တရာယ်ကိုပင် ရင်ဆိုင်ကာ သြဇာအာဏာအလွဲသုံးစားမှုများအား ဖော်ထုတ်ခြင်း၊ အဂတိလိုက်စားမှုနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများအား မီးမောင်းထိုးပြသကာ အများလက်ခံထားသည့်ထင်မြင်ချက်များကိုပင် ပြန်လည်မေးခွန်းထုတ် တတ်ကြသည့် သတင်းထောက်များ၏လုပ်ရပ်အား ဥရောပသမဂ္ဂ အနေဖြင့် ချီးကျူးဂုဏ်ပြုလိုက်ရပါသည်။ လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဆိုသည်မှာ အများပါဝင်မှုရှိပြီး မတူကွဲပြားသော်လည်း ယှဉ်တွဲ နေထိုင်နိင်သည့် ဒီမိုကရေစီစနစ်တစ်ရပ်၏ အခြေခံအုတ်မြစ်ဖြစ်သလို၊ မိမိတို့လုပ်ရပ်များအတွက် အစိုးရများ အားတာဝန်ခံခိုင်းသည့် ကိရိယာတစ်ခုပင်ဖြစ်ပါသည်။
နိင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနား၌ အဆင့်မြင့်ကိုယ်စားလှယ်နှင့် ဒုတိယ ဥက္ကဌဖြစ်သူ ဖယ်ဒယ်ရီကာမိုဂါရီနီ၏ ထုတ်ပြန်ကြေညာချက်
ပဲရစ်သဘောတူညီချက်အပေါ်အာဆီယံ-အီးယူတို့၏ထုတ်ပြန်ချက်- ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နှစ်ဖက်ကြုံတွေ့နေရသည့်စိန်ခေါ်မှုအားပူပေါင်းဖြေရှင်းကိုင်တွယ်သွားရန်ဆိုသည့် ကတိက၀တ်အားထပ်မံအတည်ပြုခြင်း
General information about Vacancies and traineeships