Delegation of the European Union to Armenia

ဥ‌ရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်တော် Federica Mogherini မှ (၂၀၁၇) ခုနှစ်၊ ‌မေလ (၁၇) ရက်တွင်ကျရောက်သည့် နိုင်ငံတကာ လိင်တူချစ်သူများ၊ လိင်အင်္ဂါ‌ပြုပြင်ပြောင်းလဲထားသူများနှင့် ဒွိလိင်စွဲလန်းသူများကိုမုန်းတီးမှုဆန့်ကျင်ရေးနေ့နှင့်စပ်လျဉ်းပြီး သတင်းထုတ်ပြန်

Bruxelles, 17/05/2017 - 12:00, UNIQUE ID: 170516_21
Statements on behalf of the EU

ယနေ့တွင်ကျရောက်သော နိုင်ငံတကာ လိင်တူချစ်သူများ၊ လိင်အင်္ဂါ‌ပြုပြင်ပြောင်းလဲထားသူများနှင့် ဒွိလိင်စွဲလန်းသူများကိုမုန်းတီးမှုဆန့်ကျင်ရေးနေ့ကို ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာနှင့်အတူ ဥရောပသမဂ္ဂသည်လည်း ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ နိုင်ငံတကာမှအစိုးရအဖွဲ့များ မိမိတို့ကတိပြုထားသည့်အတိုင်း နိုင်ငံတကာလူ့အခွင့်အရေးကိုလိုက်နာကျင့်သုံးရန်၊ မည်သည့်လိင်ကိုနှစ်သက်သည်၊ မည်သည့်လိင်ရှိသည်ကိုပဓာနမထားဘဲ လူသားအားလုံးဤအခွင့်အရေးများကို သာတူညီမျှရရှိခံစားနိုင်ရန်လုပ်ဆောင်ကြပါဟု အခွင့်သာစဉ် ထပ်မံနှိုးဆော်လိုက်ရပါသည်။

ယနေ့တွင်ကျရောက်သော နိုင်ငံတကာ လိင်တူချစ်သူများ၊ လိင်အင်္ဂါ‌ပြုပြင်ပြောင်းလဲထားသူများနှင့် ဒွိလိင်စွဲလန်းသူများကိုမုန်းတီးမှုဆန့်ကျင်ရေးနေ့ကို ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာနှင့်အတူ ဥရောပသမဂ္ဂသည်လည်း ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ နိုင်ငံတကာမှအစိုးရအဖွဲ့များ မိမိတို့ကတိပြုထားသည့်အတိုင်း နိုင်ငံတကာလူ့အခွင့်အရေးကိုလိုက်နာကျင့်သုံးရန်၊ မည်သည့်လိင်ကိုနှစ်သက်သည်၊ မည်သည့်လိင်ရှိသည်ကိုပဓာနမထားဘဲ လူသားအားလုံးဤအခွင့်အရေးများကို သာတူညီမျှရရှိခံစားနိုင်ရန်လုပ်ဆောင်ကြပါဟု အခွင့်သာစဉ် ထပ်မံနှိုးဆော်လိုက်ရပါသည်။

ကမ္ဘာအနှံ့တွင် ယခင်နှစ်များအတွင်း လိင်တူစွဲလန်းသူအမျိုးသမီးများနှင့်အမျိုးသားများ၊ ဒွိလိင်စွဲလန်းသူများ၊ လိင်‌အင်္ဂါ‌ပြုပြင်ပြောင်းလဲထားသူများ၊ လိင်အင်္ဂါနှစ်မျိုးလုံးရှိသူများအနေနှင့် လူ့အခွင့်အရေးအားလုံးကိုခံစားခွင့်ရရှိရေးတွင် တိုးတက်မှုများရှိလာပြီဖြစ်သည်။ နိုင်ငံအများအပြားသည် လိင်တူဆက်ဆံခြင်းကို ပြစ်မှုမြောက်သည်ဟုမသတ်မှတ်တော့ဘဲ အခြားနိုင်ငံများသည်လည်း  မည်သည့်လိင်ကိုနှစ်သက်သည်၊ မည်သည့်လိင်ရှိသည်ကိုအခြေမခံဘဲ လူတစ်ဦးတစ်ယောက်ချင်းစီကိုကာကွယ်ရန် စီရင်ထုံးဖွဲ့မှုအသစ်များချမှတ်လိုက်ပြီဖြစ်သည်။ (LGBTI) ပုဂ္ဂိုလ်များ၏တန်းတူအခွင့်အရေးများတိုးတက်လာစေရန် ရဲရဲဝံ့ဝံ့အားပေးထောက်ခံလှုပ်ရှားဆောင်ရွက်သူများ၏ ကူညီဆောင်ရွက်ပေးမှုများကြောင့်သာလျှင် ဤကဲ့သို့သောအပြောင်းအလဲများဖြစ်ပေါ်လာရခြင်းပင်ဖြစ်သည်။

ကမ္ဘာပေါ်ရှိနေရာအများအပြားတွင်အခက်အခဲများစွာကျန်ရှိနေပါသေးသည်။ (LGBTI) ပုဂ္ဂိုလ်များကို ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများလည်းရှိမြဲပင်ဖြစ်သည်။ နိုင်ငံပေါင်း (၇၀) ကျော်တွင် လိင်တူဆက်ဆံမှုသည်ပြစ်မှုမြောက်ပြီး အချို့နိုင်ငံများတွင်သေဒဏ်အထိပါအပြစ်ပေးနိုင်သည်။ ဥရောပသမဂ္ဂသည် (LGBTI) ပုဂ္ဂိုလ်များကို ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများ အပြင်းအထန်ရှူံ့ချပါသည်။

(LGBTI) အဖွဲ့အစည်းများ၏ပုံရိပ်နှင့် လက်ခံယုံကြည်မှုပိုမိုကောင်းမွန်လာစေရန်၊ အာဏာပိုင်များနှင့်၎င်းတို့ကြားဥပဒေများပြောင်းလဲမှုဆိုင်ရာဆွေးနွေးမှုများကိုမြှင့်တင်ရန်၊ လိင်တူချစ်သူများကိုမုန်းတီးမှုဆန့်ကျင်မှုဆန့်ကျင်ရန်နှင့် (LGBTI) ပုဂ္ဂိုလ်များအားအကြမ်းဖက်မှုမှကာကွယ်ရန် စီမံကိန်းများကို ဥရောပသမဂ္ဂမှ ကမ္ဘာအနှံ့တွင် ထောက်ပံ့ကူညီပေးလျှက်ရှိသည်။ (LGBTI) ပုဂ္ဂိုလ်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများအတွက် လေ့ကျင့်ရေး၊ သတင်းအချက်အလက်နှင့် တရားဝင်အထောက်အပံ့ရရှိရေးတို့အတွက်လည်း ကူညီပေးလျှက်ရှိသည်။  

(၂၀၁၆) ခုနှစ်၊ ဇွန်လပိုင်းတွင် ကောင်စီသည် ယင်းကိစ္စနှင့်ပတ်သက်သော ကော်မရှင်၏ List of Actions အပေါ်မူတည်သည့် (LGBTI) သာတူညီမျှရေးဆိုင်ရာကောက်နုတ်ချက်များကို ပထမဦးဆုံးအကြိမ်အဖြစ်ချမှတ်ခဲ့သည်။ မည်သည့်လိင်ကိုနှစ်သက်သည်၊ မည်သည့်လိင်ရှိသည်ကိုပဓာနမထားဘဲ ဥရောပသမဂ္ဂသည် မိတ်ဖက်များအားလုံးနှင့်ပူးပေါင်းကာ လူသားအားလုံးတန်းတူအခွင့်အရေးရရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

Editorial Sections: